DVB Logo
Home
နိုင်ငံတကာ
နယူးဟမ့်ပ်ရှိုင်းယားပြည်နယ် သမ္မတလောင်း အကြိုရွေးကောက်ပွဲတွင် ထရမ့် အနိုင်ရ
DVB
·
January 24, 2024
နယူးဟမ့်ပ်ရှိုင်းယားပြည်နယ် သမ္မတလောင်း အကြိုရွေးကောက်ပွဲတွင် ထရမ့် အနိုင်ရ
Donate to DVB

အမေရိကန်နိုင်ငံ၊ နယူးဟမ့်ပ်ရှိုင်းယားပြည်နယ်မှာ ဇန်နဝါရီ ၂၃ ရက်က ကျင်းပတဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း အကြိုရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် ဆက်လက် အနိုင်ရခဲ့ပြီး လာမယ့် နိုဝင်ဘာမှာ  ဒီမိုကရက်တစ်ပါတီဘက်က  လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နဲ့ မကျေပွဲနွှဲခွင့်ရဖို့ တစတစ နီးကပ်လာခဲ့ပါပြီ။

မဲ ၈၈ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ ထရမ့်က ထက်ဝက်ကျော်ရပြီး အနိုင်ရခဲ့ပေမဲ့ တဦးတည်းကျန်တဲ့ ပြိုင်ဘက် နစ်ကီဟေလီကလည်း အနီးဆုံး ကပ်လိုက်နိုင်ခဲ့ပါတယ်။

“ပြိုင်ပွဲက ပြီးဖို့ အဝေးကြီး လိုပါသေးတယ်။ ကျမက ဖိုက်တာပါ။ စိတ်ပိုင်းဖြတ်ထားပြီးပါပြီ။ ဒေါ်နယ်ထရမ့်ကို ယှဉ်ဖို့ ကျမတို့ပဲ ကျန်တော့တာပါ” လို့ ဟေလီက သူ့ထောက်ခံသူတွေကို ပြောပါတယ်။

အိုင်အိုဝါနဲ့ နယူးဟမ့်ပ်ရှိုင်းယား ပြည်နယ်တွေဟာ သမ္မတလောင်း အကြိုရွေးကောက်ပွဲကို အစောဆုံးလုပ်တဲ့ ပြည်နယ်တွေဖြစ်ပြီး ဒီလိုနှစ်ပြည်နယ်စလုံးမှာ တယောက်တည်း ဆက်တိုက်နိုင်တာဟာ ရီပတ်ဘလစ်ကန်ထဲမှာ လက်ရှိသမ္မတမဟုတ်တဲ့အထဲ ထရမ့်က ပထဆုံးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

အနီးဆုံး နောက်ထပ် အကြိုရွေးကောက်ပွဲကိုတော့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ တောင်ကာရိုလိုင်းနားပြည်နယ်မှာ ကျင်းပမှာဖြစ်ပြီး ဒီပြည်နယ်ဟာ ဟေလီရဲ့ မွေးရပ်မြေ၊ သူ ပြည်နယ်အုပ်ချုပ်ရေးမှူး နှစ်ကြိမ်လုပ်ခဲ့ဖူးတဲ့နေရာ ဖြစ်ပါတယ်။

အဲဒီမှာပါ ထရမ့် ထပ်နိုင်ရင်တော့ ပွဲပြီးသလောက်ရှိပြီ ပြောနိုင်ပေမဲ့ ဟေလီကတော့  အနည်းဆုံး “စူပါကျူးစ်ဒေး” လို့ခေါ်တဲ့ မတ်လဆန်းမှာ ပြည်နယ် ၁၅ ပြည်နယ်တိတိ တရက်တည်းကျင်းပမယ့် အကြိုရွေးကောက်ပွဲတွေအထိ ဆက်ပြိုင်သွားမှာဖြစ်တယ်လို့  ကြေညာထားပါတယ်။

ပြိုင်ဘက်ကြီးကြီးမားမရှိတဲ့ နယူးဟမ့်ပ်ရှိုင်းယားပြည်နယ် ဒီမိုကရက်တစ်သမ္မတလောင်း အကြိုရွေးကောက်ပွဲမှာတော့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

ပါတီက တောင်ကာရိုလိုင်းနားပြည်နယ်မှာ ပထမဆုံး အကြိုရွေးကောက်ပွဲစလုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ နယူးဟမ့်ပ်ရှိုင်းယားပြည်နယ်က လက်မခံဘဲ ကြိုလုပ်ခဲ့လို့ မဲစာရင်းမှာ ဘိုင်ဒင်က မပါဝင်ခဲ့ပါဘူး။

ဒါပေမဲ့ စာရင်းမပါတဲ့သူကိုပါ လက်ရေးနဲ့ နာမည်ဖြည့်ခွင့်ရှိတာကြောင့် အဲဒီလို ဖြည့်ပြီး မဲပေးတာတောင် ဘိုင်ဒင်က ၆၈ ရာခိုင်နှုန်းကျော်ရပြီး အေးအေးဆေးဆေး နိုင်သွားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013