DVB Logo
Home
နိုင်ငံတကာ

ဘိုင်ဒင်၏ ကိုယ်ရေးမှတ်တမ်းစာအုပ် ထွက်ရှိ

DVB
·
November 18, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ သမ္မတသက်တမ်း ၄ နှစ်တာအကြောင်း ရေးသားထားတဲ့ “Promise Me, America” ကိုယ်ရေးမှတ်တမ်းစာအုပ်ဟာ နိုဝင်ဘာ ၁၇ ရက်မှာ ထွက်ရှိလာပါတယ်။

နယူးယောက်မြို့ မန်ဟက်တန်က Book Culture စာအုပ်ဆိုင်မှာလည်း ဒီစာအုပ်ကို နိုင်ငံရေးစာအုပ်သစ်တွေနဲ့အတူ တင်ရောင်းနေပြီး စာဖတ်သူတွေကြား အမြင်အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

ဒေသခံ လိုင်နက်ဝစ်ဒါကတော့ ဘိုင်ဒင်ရဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေအတွက် သူ့ကို အသိအမှတ်ပြုသင့်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဥပဒေပါမောက္ခ မာဂရက်ချွန်ကတော့ ဘိုင်ဒင်အနေနဲ့ သူ့ရဲ့ နိုင်ငံရေးအမွေအနှစ်အပေါ် ကိုယ်ပိုင်အမြင်ရှိခွင့်ရှိပေမဲ့ လူအများကတော့ ဒါကို ဝမ်းနည်းဖွယ်ရာအဖြစ် မြင်ကြတယ်လို့ ဝေဖန်ပါတယ်။

ဘိုင်ဒင်ဟာ “ဘယ်အချိန် အနားယူရမလဲဆိုတာ မသိခဲ့တဲ့သူ” လို့လည်း သူက ပြောပါတယ်။ စာအုပ်ထဲမှာတော့ ဘိုင်ဒင်က သူ့ရဲ့ ၄ နှစ်တာ သမ္မတသက်တမ်းအတွင်း ဆောင်ရွက်ချက်တွေနဲ့ ၂၀၂၄ ခုနှစ်မှာ နောက်တကြိမ် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာကို ကာကွယ်ရေးသားထားပါတယ်။

လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း ငွေကြေးဖောင်းပွမှုနဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေ အပါအဝင် ပြဿနာအများအပြားအတွက် ဘိုင်ဒင်ကို ဆက်တိုက် အပြစ်တင်နေပါတယ်။

ရိုက်တာသတင်းဌာနရဲ့ စက်တင်ဘာ ၂၁ ရက်အထိ လေ့လာချက်အရ ထရမ့်ပ်ဟာ ၂၀၂၆ ခုနှစ် အစပိုင်းကနေ ဘိုင်ဒင်ရဲ့နာမည်ကို မိန့်ခွန်းတွေ၊ အင်တာဗျူးတွေနဲ့ လူမှုကွန်ရက်တွေမှာ အနည်းဆုံး အကြိမ် ၈၉၀ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အသက် ၈၃ နှစ်အရွယ် ဘိုင်ဒင်ကတော့ အဆင့်လေး ကင်ဆာရောဂါ ခံစားနေရတာကြောင့် အများပြည်သူရှေ့ ထွက်ပေါ်မှု နည်းပါးနေပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် သူ့ရဲ့ စာအုပ်မိတ်ဆက် ခရီးစဉ်ကိုလည်း လျှော့ချထားရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013