DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် ပြင်းထန်ဆီးကျိတ်ကင်ဆာ ကုသမှုခံယူ
DVB
·
May 19, 2025
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် ပြင်းထန်ဆီးကျိတ်ကင်ဆာ ကုသမှုခံယူ
Donate to DVB

အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်ဟာ အရိုးထိ ပျံ့နှံ့နေပြီဖြစ်တဲ့ ပြင်းထန်ဆီးကျိတ်ကင်ဆာရောဂါ ကုသမှုခံယူနေရတယ်လို့ သူ့ရုံးအဖွဲ့က ထုတ်ပြန်ကြေညာချက် ပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာ ရာထူးက ဆင်းပေးခဲ့ရတဲ့ သမ္မတရဲ့ ဆီးလမ်းကြောင်းပြဿနာတွေကို ပြီးခဲ့တဲ့ အပတ်က ဆရာဝန်က စစ်ဆေးခဲ့အပြီး သောကြာနေ့ကစပြီး ကုသမှုခံနေရတာလို့ သိရပါတယ်။

ဆီးကျိတ်ကင်ဆာ အဆင့်သတ်မှတ်ချက် Gleason score အဆင့် ၁၀ အထိ ရှိတဲ့နေရာမှာ အဆင့် ၉ အင်မတန်ပြင်းထန်တဲ့အဆင့် ဖြစ်ပါတယ်။

ကုသမှုခံယူရင်တောင်မှ အသင်ရှင်သန်မှု ၃၄ ရာခိုင်နှုန်းသာရှိပြီး ၄၃ ရာခိုင်နှုန်းဟာ ဒီကင်ဆာနဲ့၊ ၂၃ ရာခိုင်နှုန်းဟာ တခြားအကြောင်းတွေကြောင့် သေဆုံးလေ့ရှိပါတယ်။

ဘိုင်ဒင်နဲ့ မိသားစုကတော့ ကုသမှုဆိုင်ရာ ရွေးချယ်ရမယ့် နည်းလမ်းတွေကို သုံးသပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ သမ္မတဟောင်း ဘာရက်အိုဘားမား၊ ဒုတိယသမ္မတဟောင်း ကမ္မလာဟဲရစ် တို့ကတော့ ဘိုင်ဒင်အတွက် ဆုတေင်းပေးခဲ့ကြပါတယ်

ကင်ဆာဟာ အရိုးထဲထိ ပြန့်ရင်တော့ ကုသလို့ ပျောက်ကင်းနိုင်တဲ့ကင်ဆာလို့ မှတ်ယူလို့ မရတော့ကြောင်း၊ ဒါပေမဲ့ ကနဦး ကုသမှုမှာ အခြေအနေကောင်းရင်တော့ နှစ်ပေါင်းများစွာ  အသက်ရှင်နိုင်ကြောင်း ဆီးကျိတ်ကင်ဆာ အထူးကုသမားတော်ကြီးလည်းဖြစ်တဲ့ အမေရိကန် ကင်ဆာအဖွဲ့ကြီးက သိပ္ပံဆိုင်ရာ အရာရှိချုပ် ဒေါက်တာ ဝီလျံ ဒါဟွတ်က သုံးသပ်ထားပါတယ်။

ဘိုင်ဒင်ရဲ့ သားကြီးဖြစ်သူ “ဘို” လို့ အများသိတဲ့ ဂျိုးဘိုင်ဒင်-၃ ဟာလည်း ဦးနှောက်ကင်ဆာနဲ့ ၂၀၁၅ ခုနှစ်က ဆုံးပါးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013