DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် စက်သုံးဆီပြတ်ပြီး ဆီဆိုင်များ အရောင်းရပ်ထားရ
DVB
·
January 24, 2024
ပုသိမ်တွင် စက်သုံးဆီပြတ်ပြီး ဆီဆိုင်များ အရောင်းရပ်ထားရ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ စက်သုံးဆီ ဒီဇယ်နဲ့ ဓာတ်ဆီတွေ ပြတ်လတ်နေတာကြောင့် ဆီဆိုင် ၁၇ ဆိုင် အရောင်းရပ်ဆိုင်းထားလိုက်ရပြီလို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပုသိမ်မြို့မှ ဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ဝယ်လိုအားက အရမ်းများတယ်။ စက်သုံးဆီက လိုသလိုမရတဲ့အတွက် ရောင်းရတာ အဆင်မပြေတော့လို့ ပိတ်ထားတာပါ။ ပုသိမ်မှာ စက်သုံးဆီအရောင်းဆိုင် ‌တော်တော်များများ ပိတ်ထားတာ တွေ့ရတယ်။ လက်ရှိ စက်သုံးဆီရောင်းရတဲ့ အခြေအနေက အတော်ကို အကျပ်ဆိုက်ပြီး ရောင်းတဲ့ဘက်ရော ဝယ်တဲ့ဘက်ရော ဘယ်လိုမှ အဆင်မပြေတဲ့ အခြေအနေ ရောက်နေလို့ ပိတ်လိုက်ရတာပါ” လို့ ပြောပါတယ်။

ပုသိမ်မြို့မှာ စက်သုံးဆီပြတ်လပ်လာလို့ လက်ရှိ ပိတ်လိုက်ရတဲ့ စက်သုံးဆီဆိုင်တွေဟာ နာမည်ကြီး ပန့်ဆိုင်အကြီးတွေဖြစ်တယ်လို့ သိရပြီး စက်သုံးဆီပြတ်လပ်တဲ့အထိ ဖြစ်ပေါ်လာတဲ့အတွက် စက်ဆုံးဆီကို အဓိကအသုံးပြု လုပ်ကိုင်နေရတဲ့ ပို့ဆောင်ရေးလုပ်ငန်း၊ အသေးစား၊ အလတ်စား အိမ်တွင်းမှု၊ စက်မှုလက်မှုလုပ်ငန်း၊ လယ်ယာလုပ်ကိုင်သူတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Delivery သမားတယောက်က “ရွာတွေဘက်မှာတော့ ဆီလုံးဝပြတ်သွားပြီ။ ဆိုင်ကြီးတွေ လုံးဝမရတော့ဘူး။ လမ်းဘေးဆိုင်တွေတော့ ၁ လီတာမပြည့်ဘူး၊ ၄,၀၀၀ ပေးနေရတယ်။ မနည်း တောင်းဝယ်ရတာ။ အရင်ကလို ကိုယ်ထည့်ချင်တဲ့ဆိုင် ဝယ်ထည့်လို့မရဘူး။ ဆိုင်ကယ်လေးနဲ့ Delivery ပို့စားနေတာ စက်သုံးဆီက ဈေးတက်လာတဲ့အပြင် ဆီပြတ်တဲ့အထိဖြစ်လာပြီ” လို့ ပြောပါတယ်။

ဒေသခံ လယ်သမားတယောက်ကလည်း “ကျနော်တို့ လယ်ယာလုပ်ငန်းတွေလည်း ဒီပုံစံအတိုင်းဆို ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲမှာ သေချာတယ်။ ဒီဇယ်ဆီဈေးက တခါမှလည်း မကျခဲ့ဘူး၊ အခု ပြတ်တဲ့အထိ ဖြစ်လာတယ်။ မနက်က ဒီဇယ်ဆီ ၅၀,၀၀၀ ဖိုးသွားဝယ်တာ ၃,၀၀၀ ဖိုးပဲရတယ်။ ဆီအတွက်နဲ့ လုပ်ငန်းက တော်တော်ကို အခက်အခဲ ရှိနေတာပါ။ စပါးတွေက စက်နဲ့ ရေတင်ပေးရမယ့်အချိန် ရောက်နေပြီ၊ အခု မတင်ရသေးဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဇန်နဝါရီ ၁ ရက်ကနေ ဒီနေ့အထိ ဓာတ်ဆီ ၉၂ တလီတာ ၃,၇၀၀ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာ ၄,၀၀၀ ကျပ်၊ ဒီဇယ်တဂါလံ ၃၇,၅၅၅ ကျပ် ဈေးပေါက်နေတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013