DVB Logo
Home
မြန်မာသတင်း
ဒဂုံဆိပ်ကမ်းတွင် ကုန်တင်ကရိန်းကျိုးကျပြီး အမျိုးသား ၂ ဦးသေဆုံး
DVB
·
January 23, 2024
ဒဂုံဆိပ်ကမ်းတွင် ကုန်တင်ကရိန်းကျိုးကျပြီး အမျိုးသား ၂ ဦးသေဆုံး
Donate to DVB

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ ပဲခူးမြစ်ကမ်းနားရှိ မြတ်နိုးသူ ကုန်တင်ကုန်ချကွင်းမှာ ဇန်နဝါရီ ၂၃ ရက် မနက် ၉ နာရီလောက်က ကုန်တင်ကရိန်းတစီး ကျိုးကျပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ မြစ်ထဲရပ်နားထားတဲ့ သင်္ဘောတစီးပေါ်ကို ကရိန်းအသုံးပြုပြီး သံပြားတွေ တင်ဆောင်နေတာဖြစ်ပြီး သံပြားအလေးချိန်ကြောင့် ကရိန်းကျိုးကျခဲ့တာ ဖြစ်ပါတယ်။

ကရိန်းရဲ့ချိတ်နဲ့ ရိုက်မိတာကြောင့် အသက် ၃၅ နှစ်အရွယ် ဦးမျိုးမြင့်အောင်မှာ အခင်းဖြစ်ရာမှာပဲ သေဆုံးသွားပြီး အသက် ၃၈ နှစ်အရွယ် ဦးမန်းကျော် အတွင်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက “သူတို့က ကမ်းနားကပ်ထားတဲ့ သင်္ဘောပေါ်ကို ကရိန်းနဲ့ဆွဲပြီး သံပြားတွေတင်နေတာ။ ကရိန်းချွတ်ခါနီးမှာပဲ ကရိန်းက ကျိုးကျသွားတာပါ။ အမျိုးသားတဦးကတော့ ကရိန်းချိတ်နဲ့ ထိမိပြီးတော့ ဦးခေါင်းပွင့်ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။ နောက်တယောက်ကတော့ ရိုက်တဲ့အားနဲ့ဆိုတော့ အတွင်းဒဏ်ရာရရှိပြီး ဆေးရုံပို့ပြီး သိပ်မကြာခင်မှာပဲ အရောင်ပြောင်းသွားတာပါ” လို့ ပြောပါတယ်။

အခင်းဖြစ်နေရာကို အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်း၊ သာကေတမြို့နယ် ကွန်ရက်အဖွဲ့တွေ၊ သက်ဆိုင်ရာအဖွဲ့တွေက လာရောက်ကူညီကယ်ဆယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသူကို အကြင်နာကုသိုလ်ပြုအသင်းယာဉ်နဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံ ပို့ဆောင်ပေးခဲ့ကြပြီး ပြင်းထန်ဒဏ်ရာရရှိထားတဲ့ ဦးမန်းကျော်ဟာ ဆေးရုံမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013