DVB Logo
Home
နိုင်ငံတကာ
ကင်မရွန်းတွင် ကမ္ဘာ့ပထမဆုံး ငှက်ဖျားကာကွယ်ဆေး ထိုးနှံ
DVB
·
January 23, 2024
ကင်မရွန်းတွင် ကမ္ဘာ့ပထမဆုံး ငှက်ဖျားကာကွယ်ဆေး ထိုးနှံ
Donate to DVB

ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ တွန်းလှန်မှု အရှိန်မြှင့်ရင်း ကင်မရွန်းနိုင်ငံမှာ ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ဇန်နဝါရီ ၂၂ ရက်မှာ စတင်ထိုးနှံခဲ့ပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေး အထိုးခံဖို့ ဆေးခန်းတွေဆီလာတဲ့ လူဦးရေ နည်းပါးတာကို သတင်းထောက်တွေ မျက်မြင်သက်သေ ပြုခဲ့ကြပါတယ်။

ခြင်ကနေတဆင့် ကူးစက်တဲ့ ငှက်ဖျားရောဂါကို ကာကွယ်ဆေးအတွက် နှစ် ၄၀ ဝန်းကျင်လောက် အချိန်ယူခဲ့ရတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က အတည်ပြုထားတဲ့ RTS,S ကာကွယ်ဆေးကို ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် ခြင်ထောင်လို ရှိပြီးသားအရာတွေနဲ့အတူ တွဲဖက်သုံးစွဲဖို့ ရည်မှန်းရင်း ဗြိတိန် ဆေးဝါးထုတ်လုပ်သူ GSK က ထုတ်လုပ်ခဲ့တာပါ။

ကင်မရွန်းနိုင်ငံဟာ အခုနှစ်အတွင်း ပုံမှန်အစီအစဉ်နဲ့ ဆေးတွေကို စီမံခန့်ခွဲ ထိုးနှံပေးတဲ့ နိုင်ငံပေါင်း ၂၀ ထဲက ပထမဆုံးနိုင်ငံလို့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး မဟာမိတ်အဖွဲ့ ဂါဗီက ဆိုပါတယ်။

ကင်မရွန်းမြောက်ပိုင်း ဒတ်ချက်ကာခရိုင်က ကျန်းမာရေးဌာနတခုမှာ တနင်္လာနေ့ အစောပိုင်းက ကလေး ၁၂ ဦး ကာကွယ်ဆေး ထိုးခဲ့တယ်လို့ ရိုက်တာ သတင်းထောက်တဦးက ပြောပါတယ်။

မိဘတွေက ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လုံလုံလောက်လောက် အာရုံမထားကြသေးဘူး၊ တချို့က သူတို့ရဲ့ ကလေးတွေကို ကာကွယ်ဆေး အထိုးခံဖို့ ကြောက်ရွံ့ခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ထမ်း တချို့က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ငှက်ဖျားကြောင့် အာဖရိကတိုက်မှာ အသက်ငါးနှစ်အောက် ကလေးငယ် ၅ သိန်းနီးပါး နှစ်စဉ် သေဆုံးခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013