DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးမြို့နယ်၌ စစ်ကောင်စီတပ် စစ်ကြောင်း တိုက်ခိုက်ခံရ
DVB
·
January 23, 2024
ဆားလင်းကြီးမြို့နယ်၌ စစ်ကောင်စီတပ် စစ်ကြောင်း တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကနေ ပုလဲမြို့နယ်ဘက်သွားနေတဲ့ စစ်ကြောင်းကို  ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့လို့ ၁၇ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကာကွယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့က မုံရွာကနေ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာဘက်ကို ကူးတို့နဲ့ကူးလာပြီး ဆားလင်းကြီးမြို့နယ်ထဲမှာ အကြမ်းဖက်မှုတွေကျူးလွန်ခဲ့တဲ့ စစ်ကြောင်းကို ဇန်နဝါရီ ၂၂ ရက်၊ မနက်အစောပိုင်းက ဆားလင်းကြီးမြို့နယ်ကအထွက် လက်တောင်းငယ်ရွာမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ ပါတယ်။

Monywa inventor လက်နက်ကြီးအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုမိုးသောက်က “ပုလဲမြို့နယ်၊ လက်တောင်းငယ်ကျေးရွာမှာ အနားယူနေတဲ့ စကစ စစ်ကြောင်းကို သွားပစ်တာဗျ။ ခရိုင်စစ်ကြောင်းနဲ့ အရင်ဖြစ်ပြီးမှ ည ၁၂ နာရီလောက်မှာ ကျနော်တို့ လက်နက်ကြီး အဖွဲ့ကို အကူခေါ်လို့ သွားရတာဗျ။ ၆၀ မမ၊ ၈၀ မမ တွေနဲ့ ပစ်ခဲ့တာ။ လက်နက်ကြီး တပ်ပေါင်းစုကတော့ ၁၄ ဖွဲ့ရှိတယ်ဗျ။ ကျန်အဖွဲ့တွေက လမ်းကြောင်း အဆင်မပြေလို့ ၅ ဖွဲ့ပဲ အကူသွားနိုင်တယ်ဗျ” လို့ ပြောပါတယ်။

ခရိုင်စစ်ကြောင်းက ရဲဘော် ၅ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ အင်အား ၁၀၀ လောက်ပါပြီး ၄ နာရီကြာလောက် တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၇ ယောက် သေဆုံး၊ အများအပြားဒဏ်ရာရသလို လက်နက်ခဲယမ်း တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ လက်တောင်းငယ်ရွာ မရောက်ခင် ဇန်နဝါရီ ၂၁ ရက်က တန်းမတောရွာကို ရောက်ရှိခဲ့ပြီး အဲဒီမှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

အသက် ၅၀ ဝန်းကျင် အမျိုးသား ၁ ယောက်ပါတယ်လို့ပဲ သိရပြီး ပြည်သူတွေ သေဆုံးရတာကို ဆက်လက်စုံစမ်းနေပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီရဲ့ MA3 ၁ လက်၊ RPG အဖူး ၄ ဖူး၊ ၆၀ အဖူး ၄ ဖူး၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၂,၀၀၀ ကျော်နဲ့ ခဲယမ်းပစ္စည်းအစုံ သိမ်းဆည်း ရမိခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ KLG ကျောက်လုံးကြီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုကို ခရိုင်ကွပ်ကဲရေးရဲ့လမ်းညွှန်မှုနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃၊ KLG ကျောက်လုံးကြီးအဖွဲ့၊ ULF တပ်ပေါင်းစုနဲ့အတူ Monywa inventor၊ Triple Two စတဲ့ ဒေသခံ တပ်ရင်း တပ်ဖွဲ့တွေ  ပူးပေါင်းခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013