DVB Logo
Home
နိုင်ငံတကာ
လုံခြုံရေးကောင်စီတွင် အာဖရိကတိုက် ကိုယ်စားပြုခွင့်မရသည့်အပေါ် ကုလအတွင်းရေးမှူးချုပ် ဝေဖန်
DVB
·
January 23, 2024
လုံခြုံရေးကောင်စီတွင် အာဖရိကတိုက် ကိုယ်စားပြုခွင့်မရသည့်အပေါ် ကုလအတွင်းရေးမှူးချုပ် ဝေဖန်
Donate to DVB

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နေရာမှာ အာဖရိကတိုက်က ကိုယ်စားပြုခွင့် ကင်းမဲ့နေတဲ့အချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လူမှုကွန်ရက် X ပေါ်မှာ ရေးသားဝေဖန်ခဲ့ပါတယ်။

“လုံခြုံရေးကောင်စီမှာ အာဖရိကက အခုထိ အမြဲတမ်းအဖွဲ့ဝင် တနေရာမှ မရသေးတာ ကျနော်တို့ ဘယ်လိုလက်ခံလို့ရမှာလဲ။ အဖွဲ့အစည်းတွေဟာ မျက်မှောက်ခေတ်ကမ္ဘာကို ရောင်ပြန်ဟပ်ရမယ်၊ လွန်ခဲ့တဲ့ အနှစ် ၈၀ ကို ထင်ဟပ်လို့မရဘူး” လို့ ဂူတာရက်စ်က ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အနာဂတ်အတွက် ထိပ်သီးဆွေးနွေးပွဲဟာ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်တွေ ပြုပြင်ပြောင်းလဲဖို့နဲ့ ယုံကြည်မှုပြန်တည်ဆောက်ဖို့ အခွင့်အလမ်းတရပ် ပေးနိုင်ခဲ့တယ်လို့လည်း ရေးထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ဖွံ့ဖြိုးမှုနည်းပါးသေးတဲ့ နိုင်ငံတွေလည်း မျှမျှတတ ကိုယ်စားပြုခွင့်ရဖို့ တောင်းဆိုချက်တွေ ပေါ်ထွက်လာချိန်မှာ ဂူတာရက်စ်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တိုးချဲ့မှာကို လက်ခံထားပြီး အမြဲတမ်းအဖွဲ့ဝင် နေရာကို အာဖရိကအတွက် တနေရာအပြင် အိန္ဒိယ၊ ဘရာဇီး၊ ဂျာမနီနဲ့ ဂျပန်တို့ကိုပါ ပေးအပ်ဖို့ ထောက်ခံထားပါတယ်။

လက်ရှိ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအဖြစ် အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နဲ့ တရုတ်တို့ ပါဝင်ပြီး အမြဲတမ်းမဟုတ်တဲ့ အဖွဲ့ဝင်အဖြစ် ၁၀ နိုင်ငံကို သက်တမ်း ၂ နှစ်စာအတွက် ကုလအထွေထွေညီလာခံမှာ ရွေးချယ်ပါတယ်။

ဆုံးဖြတ်ချက်တွေကို အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက ဗီတိုအာဏာသုံး ပယ်ချခွင့်ရှိတဲ့အတွက် နိုင်ငံအများစု သဘောထား ဘယ်လိုပဲရှိရှိ ကမ္ဘာ့ရေးရာတွေမှာ ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ အရေးယူမှုတွေ လုပ်ဆောင်ဖို့ ခက်ခဲနေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013