DVB Logo
Home
နိုင်ငံတကာ
AI စနစ် အစွမ်းပိုကြီးလာသည်နှင့်အမျှ လုံခြုံရေးအန္တရာယ် ရှိလာနိုင်ဟု သတိပေး
DVB
·
September 24, 2026
Photo: UNTV
Photo: UNTV
Donate to DVB

ကမ္ဘာ့ထိပ်တန်း ဉာဏ်ရည်တု (AI) ကုမ္ပဏီတွေဟာ AI နည်းပညာကြောင့် လူသားမျိုးနွယ်အပေါ် ကျရောက်နိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို စက်တင်ဘာ ၂၃ ရက်မှာ သတိပေး ပြောကြားခဲ့ပါတယ်။

စွမ်းအားကြီးထွားလာနေတဲ့ နည်းပညာကို စီမံခန့်ခွဲရာမှာ အစိုးရတွေ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

AI နည်းပညာကို စနစ်တကျ မစီမံ မခန့်ခွဲရင် AI ဟာ လူသားမျိုးနွယ်တခုလုံးအတွက် အန္တရာယ် ဖြစ်လာနိုင်တယ်လို့ ယုံကြည်တဲ့အကြောင်း Anthropic ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ဒါရီယို အာမိုဒေးက နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ အဖွဲ့ဝင် ၁၅ ယောက် ပါဝင်တဲ့ ကောင်စီကို ပြောပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေတက်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်အတွင်း ပြင်သစ်နိုင်ငံက ဦးဆောင်ကျင်းပတဲ့ ဒီအစည်းအဝေးဟာ AI စနစ်တွေ အနေနဲ့ မကြာမီကာလ အတွင်း မိမိကိုယ်ကိုယ် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ပြီး လူသားတို့ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်ပေါ်နေချိန်မှာ ကျင်းပခဲ့တာပါ။

ကမ္ဘာတဝန်းက အစိုးရတွေက ဉာဏ်ရည်တုနည်းပညာရဲ့ လျင်မြန်တဲ့ တိုးတက်မှုနှုန်းကို လိုက်မီနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။

AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထိပ်တန်းနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ ကိစ္စရပ်တွေမှာ မတူတဲ့ ​ချဉ်းကပ်မှုပုံစံတွေကို ကျင့်သုံးနေကြပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်အနေနဲ့ AI နည်းပညာအတွက် သီးသန့်စည်းမျဉ်းအသစ်တွေ ပြဋ္ဌာန်းဖို့ မလိုဘူးလို့ ပြောထားပေမဲ့ တရုတ်နိုင်ငံက AI အယ်လ်ဂိုရစ်သမ်တွေနဲ့ လေ့ကျင့်သင်ကြားရေးဆိုင်ရာ အချက်အလက်တွေကို ထိန်းချုပ်ကွပ်ကဲတဲ့ စည်းမျဉ်းတွေကို ချမှတ်ထားပြီး AI ဖန်တီးထားတဲ့ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း  ဖော်ပြ မှတ်သားထားရမယ်လို့ သတ်မှတ်ထားပါတယ်။

OpenAI ကုမ္ပဏီရဲ့ CEO ဆမ် အော့လ်မန်က နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013