DVB Logo
Home
မြန်မာသတင်း
လောက်ကိုင် ဒကစတွင် လက်နက်ချခဲ့သည့် အရာရှိ ၉ ဦး အနက် ၂ ဦး တာဝန်ပြန်ထမ်းဆောင်
DVB
·
January 23, 2024
လောက်ကိုင် ဒကစတွင် လက်နက်ချခဲ့သည့် အရာရှိ ၉ ဦး အနက် ၂ ဦး တာဝန်ပြန်ထမ်းဆောင်
Donate to DVB

လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လက်နက်ချခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးခံနေရတဲ့ ဗိုလ်မှူးချုပ် အပါအဝင် ၉ ဦးထဲက ၂ ဦးကို စစ်တပ်မှာ ပြန်လည် တာဝန်ထမ်းဆောင်ခွင့် ပြုခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ အခြေစိုက်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်က ဒီဇင်ဘာလ ၆ ရက်မှာ  MNDAA ဆီမှာ လက်နက်ချ အညံ့ခံပြီးနောက်  ဗိုလ်မှူးချုပ် ၆ ဦးနဲ့ ဗိုလ်မှူးကြီး ၃ ဦးတို့ စစ်ဆေးခံရတာဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် ၆ ဦးထဲမှာ တပ်မ ၅၅ က ဗိုလ်မှူးချုပ်ကို အရန်အင်အားပို့ဆောင်လိုက်ပြီး စကခ ၁ နဲ့ စအရ တပ်ရင်းမှူးတွေက လက်နက်ချဖို့ ဆုံးဖြတ်တဲ့ အထဲမပါလို့ သူတို့ကို ပြန်ပြီးတာဝန်ထမ်းဆောင်ခွင့် ပြုတယ်လို့ ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်ခုံရုံးအနေနဲ့ ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ ဗိုလ်မှူးချုပ်အေးမင်းဦး၊ ဗိုလ်မှူးချုပ် အောင်ဇော်လင်းကို တပ်မတော် အက်ဥပဒေပုဒ်မ ၃၂ (က)၊(င)တို့နဲ့ စစ်ဆေးနေတယ်လို့ စစ်ခုံရုံးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ခေါင်းဆောင်က ဗိုလ်မှူးချုပ် တဦးကိုသာ အရန် အင်အားပို့ပြီး ဗိုလ်မှူးချုပ် ၅ ဦးကို ပုဒ်မ ၃၂ (က)(င)တို့နဲ့ စစ်ဆေးနေပြီး ကျန်အရာရှိ၊ စစ်သည်တွေကို မူလတာဝန်တွေကို ပြန်လည်ထမ်းဆောင်ခွင့်ပေးတယ်လို့ စစ်တပ် သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013