DVB Logo
Home
အားကစား
ဘရာဇီးဂန္ထဝင် ရော်နယ်ဒို၏ အကောင်းဆုံးကစားသမား ၈ ဦးစာရင်းတွင် စီရော်နယ်ဒို မပါဝင်
DVB
·
January 23, 2024
ဘရာဇီးဂန္ထဝင် ရော်နယ်ဒို၏ အကောင်းဆုံးကစားသမား ၈ ဦးစာရင်းတွင် စီရော်နယ်ဒို မပါဝင်
Donate to DVB

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒိုနာဇာရီယို ရွေးချယ်တဲ့ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ၈ ဦးစာရင်းမှာ မက်ဆီကိုထည့်သွင်းရွေးချယ်ခဲ့ပေမဲ့  စီရော်နယ်ဒိုကတော့ မပါဝင်ခဲ့ပါဘူး။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီးတိုက်စစ်မှူးဟောင်းဟာ ၁၉၉၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း ဥရောပထိပ်တန်းကလပ်တွေနဲ့ ဘရာဇီးအသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး နာမည်ကြီးခဲ့သူပါ။

ဂါးဒီးယန်းသတင်းစာနဲ့ အင်တာဗျူးမှာ သမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေကို ရော်နယ်ဒိုနာဇာရီယိုက မှတ်ချက်ပေးခဲ့ရာမှာ စီရော်နယ်ဒိုကို ထည့်သွင်းပြောဆိုခြင်းမရှိခဲ့တာပါ။

သမိုင်းတလျှောက် အကြီးကျယ် အခမ်းအနားဆုံးကစားသမားအုပ်စုအကြောင်းပြောမယ်ဆိုရင် ဒီယေဂို မာရာဒိုနာ၊ မက်ဆီ၊ ဂျိုအန်ခရိုက်ဖ်၊ ဘက်ကင်ဘောင်ဝါ၊ ပီလီ၊ ဗန်ဘက်စတန်နဲ့ ရော်နယ်ဒင်ညိုတို့ကို ချန်လှပ်ထားလို့မရကြောင်း ရော်နယ်ဒိုက ပြောပါတယ်။

ဒါပေမဲ့ မျိုးဆက်ချင်းမတူညီတဲ့ ကစားသမားတွေကို နှိုင်းယှဉ်သုံးသပ်လို့တော့မရနိုင်လို့ အကောင်းဆုံး ကစားသမားဆိုပြီး နံပါတ်အစဉ်လိုက်ပြောဖို့တော့ ခက်ခဲကြောင်း ရော်နယ်ဒိုက ပြောပါသွားပါတယ်။

အကောင်းဆုံးကစားသမား ၈ ဦးစာရင်းမှာ ရော်နယ်ဒိုနာဇာရီယိုက သူ့အမည်ကိုလည်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013