DVB Logo
Home
အားကစား
အာဖရိကဖလားပြိုင်ပွဲတွင် အိမ်ရှင်အိုင်ဗရီကို့စ်နှင့် ဂါနာ နောက်တဆင့်တက်ရန် မသေချာ
DVB
·
January 23, 2024
အာဖရိကဖလားပြိုင်ပွဲတွင် အိမ်ရှင်အိုင်ဗရီကို့စ်နှင့် ဂါနာ နောက်တဆင့်တက်ရန် မသေချာ
Donate to DVB

လက်ရှိကျင်းပနေတဲ့ အာဖရိကဖလားဘောလုံးပြိုင်ပွဲမှာ အိမ်ရှင် အိုင်ဗရီကို့စ်နဲ့ ဂါနာအသင်းတို့ နောက်တဆင့် တက်ဖို့ မရေမရာ ဖြစ်လာပါတယ်။

အိမ်ရှင် အိုင်ဗရီကို့စ်ဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အီကွယ်တိုရီယယ်ဂီနီ အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အုပ်စု ၃ ပွဲမှာ ၂ ပွဲရှုံးနိမ့်ခဲ့တာပါ။

အိမ်ရှင်ပါဝင်တဲ့အုပ်စု A မှာ အီကွယ်တိုရီယယ်ဂီနီနဲ့ နိုင်ဂျီးရီးယားအသင်းတို့ နောက်တဆင့် တက်ရောက်သွားပြီး အိုင်ဗရီကို့စ်အသင်းက အကောင်းဆုံးအုပ်စု တတိယ ၄ သင်းထဲဝင်ဖို့ပဲ မျှော်လင့်ချက် ရှိတော့တာပါ။

အလားတူ နာမည်ကြီး ဂါနာအသင်းကလည်း အုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ နိုင်ပွဲမရခဲ့ဘဲ ၂ ပွဲသရေ၊ ၁ ပွဲရှုံးခဲ့လို့  အုပ်စု တတိယနေရာမှပဲ ရပ်တည်ခဲ့တာပါ။

ဂါနာအသင်းအနေနဲ့ အကောင်းဆုံးအုပ်စု တတိယရဖို့ မျှော်လင့်ချက်ရှိသေးပေမဲ့ ရမှတ် ၂ မှတ်သာရှိလို့ နောက်တဆင့်တက်ဖို့ အခွင့်အလမ်း နည်းပါးသွားတာပါ။

တခြားအုပ်စုတွေမှာ ကတ်ဗာဒီနဲ့ အီဂျစ်တို့က နောက်တဆင့်တက်ခဲ့ပြီး ၂ ပွဲဆက် အနိုင်ရခဲ့တဲ့ ဆီနီဂေါ အသင်းကလည်း နောက်တဆင့်တက်ဖို့ သေချာသွားခဲ့ပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013