DVB Logo
Home
မြန်မာသတင်း
ဂန့်‌ဂေါ မောချောင်းတံတား ပြုပြင်ရန်  NUG က ကျပ်သိန်း ၂၀၀ ထောက်ပံ့
DVB
·
January 23, 2024
ဂန့်‌ဂေါ မောချောင်းတံတား ပြုပြင်ရန်  NUG က ကျပ်သိန်း ၂၀၀ ထောက်ပံ့
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ မောချောင်းတံတား ပြုပြင်ဖို့အတွက် အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) က ဇန်နဝါရီ ၂၀ ရက်မှာ ကျပ်သိန်း ၂၀၀ ထောက်ပံ့ပေးခဲ့တယ်လို့ ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

အဆိုပါ မောချောင်းတံတားဟာ ဂန့်ဂေါနယ်က ဒေသခံတွေအတွက်သာမက ပခုက္ကူ-ဂန့်ဂေါ ကားလမ်းပေါ်က လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့ တံတားတခုဖြစ်ပါတယ်။

ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဦးစိုးလွင်က “မောချောင်းတံတားက ကျေးရွာနှစ်ရွာ ဆက်သွယ်ထားတဲ့ တံတားလည်းဖြစ်သလို ဒီ ဂန့်ဂေါ-ပခုက္ကူ လမ်း‌ပိုင်းအတွက် အရေးပါတဲ့တံတားဗျ။ အခုနေကတော့ ဆောင်းရာသီမှာ ရေမများလို့ ချောင်းထဲကနေ ဖြတ်သွားလို့ရတယ်။ မိုးရာသီအတွက် ကျနော်တို့အစိုးရကို ပြင်ဆင်စရိတ် တောင်းခံတာကနေ ထောက်ပံ့ပေးတာပါ။ အခုကတော့ ပထမအကြိမ် သိန်း ၂၀၀ ထောက်ပံ့ပေးတယ်။ နောက်ထပ်ပေးဖို့လည်းရှိတယ်။ အစိုးရပေးတဲ့ စရိတ်နဲ့တော့ မလောက်ပါဘူး။ ကျနော်တို့မြို့နယ်က ရွာသူရွာသားတွေ စုပေါင်းပြီး ဆက်လုပ်ရဦးမှာပါ” လို့ ပြောပါတယ်။

အဲ့ဒီ မောချောင်းတံတားကို ပြုပြင်ပြီးစီးပါက လာမယ့်မိုးရာသီမှာ ပခုက္ကူ-ဂန့်ဂေါ လမ်းပိုင်းအတွက် ခရီးသွားတာနဲ့ ကုန်စည်ဝန်ဆောင်မှုအတွက် အခက်အခဲ မရှိစေနိုင်ဘူးလို့ ဂန့်ဂေါနယ် ဒေသခံတယောက်က ပြောပါတယ်။

“မောချောင်းတံတား ပြီးသွားရင်တော့ မိုးရာသီမှာ ကားတွေ၊ ဆိုင်ကယ်တွေ အလွယ်တကူ သွားလို့ရမယ်။ ပခုက္ကူ-ဂန့်ဂေါ ကုန်စည်စီးဆင်းတာလည်း အဆင်‌ပြေသွားမယ်ပေါ့ဗျ။ နောက်ပြီး တရွာနဲ့တရွာ ကူးလူးဆက်သွယ်ရေးမှာလည်း အဆင်ပြေသွားမှာ။ အခုတော့ ချောင်းထဲကနေ ဖြတ်သွားရတယ်။ မိုးတွင်းဆိုရင်တော့ ချောင်းရေများလို့ ချောင်းကိုကူးလို့ မရနိုင်ဘူး။”

အဲ့ဒီ မောချောင်းတံတားဟာ ဘေလီတံတားအမျိုးအစားဖြစ်ပြီး အလျား ၃၆၀ ပေ၊ အနံ ၁၂ ပေ၊ ဘေးအမြင့် ၇ ပေနဲ့ ပြုပြင်တည်ဆောက်နေပြီလို့ သိရပါတယ်။

ဓာတ်ပုံ-ဂန့်ဂေါပအဖ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013