DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ကားမှောက်ပြီး မြန်မာအလုပ်သမား အပါအဝင် အယောက် ၂၀ ကျော် ဒဏ်ရာရ
DVB
·
January 22, 2024
ထိုင်းတွင် ကားမှောက်ပြီး မြန်မာအလုပ်သမား အပါအဝင် အယောက် ၂၀ ကျော် ဒဏ်ရာရ
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ ဇန်နဝါရီ ၂၂ ရက် မနက်က မြန်မာအလုပ်သမားနဲ့ ထိုင်းလုပ်သမားတွေ တင်ဆောင်လာတဲ့ ထရပ်ကားတစီး ဘီးပေါက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် မြန်မာအလုပ်သမား အပါအဝင် ၂၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Matichon Online မှာ ဖော်ပြထားပါတယ်။

ချွန်ဘူရီခရိုင်၊ ဘိုးဝင်းမြို့မှာ ဇန်နဝါရီ ၂၂ ရက် မနက် ၇ နာရီက အလုပ်သမားတွေ တင်ဆောင်လာတဲ့ တိုယိုတာပစ်ကပ်ထရပ်ကားတစီး တိမ်းမှောက်နေတယ်လို့ သတင်းကြားတာကြောင့် ချွန်ဘူရီခရိုင် ရဲမှူးကြီးနဲ့အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့ ရောက်ရှိတဲ့အချိန်မှာ မြန်မာအမျိုးသားနဲ့ အမျိုးသမီး အလုပ်သမားတွေ ဦးခေါင်း၊ ခြေလက်တွေမှာ ဒဏ်ရာပြင်းထန်စွာ ရရှိနေသလို ထိုင်းအလုပ်သမား အနည်းငယ်လည်း ဒဏ်ရာရရှိခဲ့တာကြောင့် ရှေးဦးသူနာပြုနဲ့ ပို့ဆောင်ပြီး ဆေးရုံပို့ဆောင်ပေးခဲ့ပါတယ်။

ယာဉ်မောင်းအပါအဝင် မြန်မာအလုပ်သမားတွေနဲ့ ထိုင်းအလုပ်သမား စုစုပေါင်း ၂၆ ယောက်ဟာ ပစ်ကပ်ထရပ်ကားနဲ့ ပင်တုန်းစက်မှုဇုန်မှ ချောင်ဘူရီခရိုင် နောင်းရိုင်ဒေသကို အလုပ်လုပ်ဖို့သွားစဉ် ဘိုးဝင်းဒေသမှာ ဘယ်ဘက်ဘီးပေါက်ပြီး ယာဉ်မောင်းက အရှိန်မထိန်းနိုင်ဘဲ ကားမှောက်ခဲ့တာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ကားမှောက်မှုကို ဆက်လက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ချွန်ဘူရီခရိုင်ရဲတပ်ဖွဲ့မှူးက ပြောခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ၊ ဖက်ထရုံခရိုင်၊ ခွမ်ခနမ်မြို့နယ်မှာလည်း ဇန်နဝါရီ ၁၄ ရက်က မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစီး အိမ်စီးကားတစီးကို ဝင်တိုက်တာကြောင့် မြန်မာအလုပ်သမား ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013