DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ ဂုဏ်ထူးဆောင် လေယာဉ်မှူးဆု ရရှိ
DVB
·
January 22, 2024
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ ဂုဏ်ထူးဆောင် လေယာဉ်မှူးဆု ရရှိ
Donate to DVB

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီဟာ ဗြိတိန်စစ်တပ်အတွင်း ဆယ်စုနှစ်ချီ တာဝန်ထမ်းဆောင်ချိန်က ရဟတ်ယာဉ်မှူး စွမ်းရည်ကို အသိအမှတ်ပြုခံခဲ့ရပြီး လေကြောင်းမှာ အောင်မြင်ထူးချွန်ထင်ရှားသူတွေကိုပေးအပ်တဲ့  'Living Legend of Aviation'  ဂုဏ်ထူးဆောင်ဆု ရရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်၊ ဘယ်ဗာလီဟေးလ်စ်မြို့မှာ ကျင်းပတဲ့ ဆုပေးပွဲကို ရုပ်ရှင်သရုပ်ဆောင်နဲ့ လေယာဉ်မှူးဖြစ်သူ ဂျွန်ထရာဗိုလ်တာက ဆပ်ဆက်စ်မြို့စား တော်ဝင်မင်းသား ဟယ်ရီကို ဆုချီးမြှင့် ပေးအပ်ခဲ့တာပါ။

ပုံထုတ်ဌာန၊ စက်ရုံဝန်ထမ်း၊ စက်ပြင်ဆရာကနေ ဘေးကင်းရေးဝန်ထမ်းအထိ ဌာနတိုင်းက လူတိုင်းနဲ့ လူတယောက်ချင်းစီကို ချီးကျူးဂုဏ်ပြုမှသာ လေယာဉ်မောင်းအတတ်ပညာက တိုးတက်လာမယ်ဆိုတာ သတိရဖို့ အရေးကြီးပါတယ်လို့ ဂျွန်ထရာဗိုလ်တာက ပြောပါတယ်။

အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းကစ်ဒီဟော့ခ်လေကြောင်း အကယ်ဒမီက စီစဉ်တဲ့ ဒီပွဲဟာ လေယာဉ်မောင်းအတတ်ကို ကလေးတွေ စိတ်ဝင်စားလာစေဖို့ ရည်မှန်းထားပါတယ်။

'Living Legend of Aviation'  ဆုဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း လေကြောင်းနဲ့ အာကာသ လုပ်ငန်းထဲက ထင်ရှားသူတွေကို ဂုဏ်ပြုခဲ့တဲ့ သမိုင်းကြောင်း ရှိပါတယ်။

စွန့်ဦးတီထွင်သူ အီလွန်မတ်စ်ခ်နဲ့ ဂျက်ဖ်ဘေဇို့စ်၊ အာကာသယာဉ်မှူး ဘက်ဇ်အောလ်ဒရင်းနဲ့ ဂျိမ်းစ်လိုဗယ်လ်၊ လေယာဉ်မှူး ချက်စလီ ဆော်လီ ဆူလန်ဘာဂျာတို့လည်း ဒီဆုကိုရခဲ့ဖူးပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013