DVB Logo
Home
နိုင်ငံတကာ
နောင်ချိုတွင် ၁၂ ဘီးကား ချောက်ထဲကျပြီး အမျိုးသား ၂ ဦးသေဆုံး
DVB
·
January 22, 2024
နောင်ချိုတွင် ၁၂ ဘီးကား ချောက်ထဲကျပြီး အမျိုးသား ၂ ဦးသေဆုံး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ မန်ကျည်းရေရွာအနီးက နောင်ချို- ရပ်စောက်လမ်း ၄ ထပ်ကွေ့မှာ ဇန်နဝါရီ ၂၁ ရက် မနက် ၈ နာရီလောက်က FUSO ၁၂ ဘီးကား ၁ စီး ချောက်ထဲကျပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်းက ပြောပါတယ်။

၁၂ ဘီးကားဟာ မန္တလေးကနေ လားရှိုးမြို့ကို မောင်းနှင်လာတဲ့ ဘိလပ်မြေအိတ်တင် ကားဖြစ်ပြီး ၄ ထပ်ကွေ့ရှိ ဒုဋ္ဌဝတီအဆင်းလမ်းနေရာကနေ ဘရိတ်ပေါက်ပြီး ပေ ၂၀၀ လောက်ရှိတဲ့ ချောက်ထဲ ထိုးကျတိမ်းမှောက်သွားခဲ့တာပါ။

မေတ္တာရောင်ခြည်အသင်းတာဝန်ရှိသူက “မန္တလေးဘက်ကနေ လာတာ၊ ဘိလပ်မြေတွေ တင်လာတဲ့ ကားပါ။ ယာဉ်မောင်းတို့က ကားထဲမှာ ညပ်ပြီး သေသွားကြတာ။ ချောက်က ပေ ၂၀၀ လောက်ရှိတယ်။ ကားက အကုန်လုံးတစစီဖြစ်သွားတာ” လို့ ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် အသက် ၄၃ နှစ်အရွယ် ယာဉ်မောင်း ကိုသန်းထွန်းဦးနဲ့ အသက် ၃၀ ကျော်အရွယ် ယာဉ်အကူ အမျိုးသား ၁ ဦးတို့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပြီး ကားပေါ်ပါ ဘိလပ်မြေအိတ်တွေက လွှင့်စင်ထွက်ကြကုန်ကာ ကားကတော့ တစီးလုံးပျက်စီးသွားပါတယ်။

ယာဉ်‌တိမ်းမှောက်နေရာကို နောင်ချိုမြို့နယ် မီးသတ်၊ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြပြီး ညနေ ၄ နာရီလောက်မှာမှ ညှပ်နေတဲ့ သေဆုံးရုပ်အလောင်း ၂ ခုကို ဆွဲထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရုပ်အလောင်းတွေကို မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်းယာဉ်က နောင်ချိုပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြပြီး သေဆုံးသွားတွေရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီလို့ သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက် ညကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မော်လမြိုင်-ကျိုက္ခမီလမ်းမကြီးပေါ်မှာ ပရိုဘောက်ကား၊ သုံးဘီးဆိုင်ကယ်နဲ့ ဆိုင်ကယ်တို့ သုံးစီးဆင့်တိုက်မိပြီး ယာဥ်တိုက်မှုကြောင့်အမျိုးသမီး ၁ ဦး သေဆုံး၊ လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဓာတ်ပုံ- မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013