DVB Logo
Home
နိုင်ငံတကာ
သမ္မတလောင်းနေရာအတွက် ထရမ့်နှင့် ပြိုင်ဘက်အဖြစ် နစ်ကီဟေလီ တဦးသာကျန်
DVB
·
January 22, 2024
သမ္မတလောင်းနေရာအတွက် ထရမ့်နှင့် ပြိုင်ဘက်အဖြစ် နစ်ကီဟေလီ တဦးသာကျန်
Donate to DVB

သမ္မတလောင်းနေရာအတွက် ရီပတ်ဘလစ်ကန်ပါတီတွင်း ယှဉ်ပြိုင်နေကြရာမှာ ကုလသမဂ္ဂ သံအမတ်ဟောင်း နစ်ကီဟေလီ တယောက်သာ သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့  ပြိုင်ဘက်အဖြစ် ကျန်ရှိပါတော့တယ်။

အရေးကြီးတဲ့ နယူးဟမ့်ပ်ရှိုင်းယားပြည်နယ် အကြိုရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလို ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က ပြိုင်ပွဲက နုတ်ထွက်ကြောင်း ကြေညာလိုက်ပြီး ဒေါ်နယ်ထရမ့်ကို သမ္မတလောင်းနေရာအတွက် အဆိုပြုလိုက်ပါတယ်။

ဒါကြောင့် ကုလသမဂ္ဂ သံအမတ်ဟောင်း နစ်ကီဟေလီ တယောက်သာ သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ ပြိုင်ဘက်အဖြစ် ကျန်တော့တာဖြစ်ပါတယ်။

ဒီဆန်းတစ်ဟာ ထရမ့်အစား အကောင်းဆုံးရွေးချယ်စရာဖြစ်တယ်လို့ သတင်းကြီးခဲ့သူ ဖြစ်ပါတယ်။

သူဟာ အိုင်အိုဝါပြည်နယ် အကြိုရွေးကောက်ပွဲမှာ အကြီးအကျယ် မဲဆွယ်ခဲ့ပေမဲ့ သိမ်ငယ်စရာ အရှုံးရလဒ်မျိုးနဲ့ ရင်ဆိုင်ရအပြီးမှာတော့ နောက်ပြည်နယ်တွေမှာ ဆက်မပြိုင်တော့ဘဲ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သူထွက်သွားတဲ့အချိန်မှာ ထရမ့်ကိုပဲ အဆိုပြုသွားတာဖြစ်သလို မူလက သူ့ကိုထောက်ခံသူ အများစုကလည်း ထရမ့်ကိုပဲ ပြောင်းလဲထောက်ခံကြဖို့ရှိတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

ဒီအခြေအနေဟာ နဂိုကတည်းက ထောက်ခံမှုနည်းပါးပြီး ဒီဆန်းတစ်နောက် တတိယနေရာမှာပဲရှိနေတဲ့ ဟေလီအတွက် ပိုအခက်ကြုံစရာ ဖြစ်လာစေမှာပါ။

ဇန်နဝါရီ ၂၃ ရက် နယူးဟမ့်ပ်ရှိုင်းယားမှာလုပ်မယ့် အကြိုရွေးကောက်ပွဲမှာလည်း ထရမ့်က ဟေလီအပေါ် ရာခိုင်နှုန်း ဆယ်ဂဏန်းအသာရနေပြီး အသာအယာ အနိုင်ရသွားမယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

နစ်ကီဟေလီ ပြည်နယ်အုပ်ချုပ်ရေးမှူး တာဝန်ယူဖူးတဲ့ တောင်ကာရိုလိုင်းနားပြည်နယ်မှာ ဖေဖော်ဝါရီ ၂၄ ရက် ကျင်းပမယ့် အကြိုရွေးကောက်ပွဲမှာပါ ထရမ့် ထပ်နိုင်ရင်တော့ ပွဲပြီးသလောက် ဖြစ်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013