DVB Logo
Home
နိုင်ငံတကာ
Coldplay ဂီတဖျော်ဖြေပွဲကို ရဟတ်ယာဉ်ဖြင့် သွားကြည့်ခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဝေဖန်ခံရ
DVB
·
January 22, 2024
Coldplay ဂီတဖျော်ဖြေပွဲကို ရဟတ်ယာဉ်ဖြင့် သွားကြည့်ခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဝေဖန်ခံရ
Donate to DVB

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာဟာ မြို့တော် မနီလာမြောက်ပိုင်းမှာ ကျင်းပတဲ့ Coldplay အဖွဲ့ရဲ့ ဂီတဖျော်ဖြေပွဲကို သွားကြည့်ဖို့ သမ္မတရဟတ်ယာဉ်ကို အသုံးပြုခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခံနေရပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံကွင်းကြီးဖြစ်တဲ့ Philippine Arena မှာ ကျင်းပတဲ့ ဖျော်ဖြေပွဲကို သမ္မတနဲ့ ဇနီးတို့က “မျှော်လင့်မထားတဲ့ ယာဉ်ကြောပိတ်ဆို့မှု အခက်အခဲကြောင့်” ရဟတ်ယာဉ်နဲ့ လာရောက်ခဲ့ရတာလို့ သမ္မတရုံးက ဖြေရှင်းချက် ထုတ်ပါတယ်။

ဂီတပွဲကိုတက်ရောက်ဖို့ လူ ၄၀,၀၀၀ လောက် လာခဲ့ကြရာမှာ ယာဉ်ကြောတွေပိတ်ကုန်ပြီး သမ္မတရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိတာကြောင့် ခုလို ရဟတ်ယာဉ်သုံးခဲ့ရတာလို့လည်း သမ္မတရဲ့ လုံခြုံရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ တက်လာတဲ့ သမ္မတဇနီးမောင်နှံရဲ့ ပုံတွေက မျက်စိစပါးမွေးစူးစရာ ဖြစ်ခဲ့ရပြီး အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံကို အာဏာရှင်ဟောင်းရဲ့သားက ထင်သလို သုံးနေတယ်လို့ ပြောစရာ ဖြစ်လာခဲ့ပါတယ်။

မားကို့စ်ဂျူနီယာရဲ့ ဖခင် သမ္မတဟောင်း မားကို့စ်ဟာ အနှစ် ၂၀ ကျော် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူဖြစ်ပြီး ပြည်သူ့အာဏာတော်လှန်ရေးနဲ့အတူ ဖြုတ်ချခံခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမဲ့ အနှစ် ၄၀ နီးပါးအကြာမှာ သားဖြစ်သူဟာ ပြည်သူ့ဆန္ဒမဲနဲ့ပဲ သမ္မတအဖြစ် တင်မြှောက်ခံရတာ ဖြစ်ပါတယ်။

သမ္မတရဟတ်ယာဉ်လို အစိုးရပစ္စည်းတွေကို ပုဂ္ဂိုလ်ရေး၊ အလုပ်နဲ့မဆိုင်တဲ့ကိစ္စအတွက် သုံးတာဟာ အာဏာအလွဲသုံးတာ၊ အစိုးရပစ္စည်းအလွဲသုံးတာလို့ ယူဆလို့ရတယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုတဲ့ ဖိလစ်ပိုင်ပြည်သူတဦးက ရေးထားပါတယ်။

နောက်တဦးကလည်း “ကျုပ်တို့ပြည်သူတွေက ရဟတ်ယာဉ်ဖိုးရော၊ ဆီဖိုးရော၊ လုံခြုံရေး စရိတ်ပါ ပေးရတယ်၊ လက်မှတ်ဖိုးတောင် ပေးချင်ပေးရမှာ” လို့ မှတ်ချက်ရေးထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013