DVB Logo
Home
မြန်မာသတင်း
ရေကြည်နှင့် အသုတ်က CDM ကျောင်းဆရာ အပါအဝင် ၅ ဦး ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရ
DVB
·
January 22, 2024
ရေကြည်နှင့် အသုတ်က CDM ကျောင်းဆရာ အပါအဝင် ၅ ဦး ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နဲ့ အသုတ်မြို့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ CDM ကျောင်းဆရာ တယောက် အပါအဝင် လူ ငါးယောက်ကို ကျုံပျော်ခရိုင် တရားရုံးကနေ ထောင်ဒဏ် ၄ နှစ်စီကျခံဖို့ အမိန့်ချလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

CDM ကျောင်းဆရာ အပါအဝင် ငါးယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နဲ့ ဇန်နဝါရီ ၁၉ ရက်က စစ်ကောင်စီရဲ့ ကျုံပျော်ခရိုင် တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့တာလို့ သိရပါတယ်။

ထောင်ဒဏ်လေးနှစ်စီ ချခံရသူတွေဟာ CDM ကျောင်းဆရာ ကိုနေလင်းထွန်း၊ ကိုဇေထက်ပိုင်၊ ကိုကျော်လင်းစိုး၊ ကိုစိုးမင်းထွန်းနဲ့ ကိုထွန်းဝင်းတို့ဖြစ်ပြီး စစ်ကောင်စီက အကြမ်းဖက်မှုတွေမှာ ပါဝင်တယ်လို့ စွပ်စွဲပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

တရားရုံးနဲ့ နီးစပ်သူတယောက်က “ကျောင်းဆရာ အပါအဝင် ၅ ယောက်ကို လေးလနီးပါး အကြာမှာပေါ့ ထောင်ဒဏ်လေးနှစ်စီ ကျခံဖို့ အမိန့်ချခဲ့တာ။ စစ်တပ်က အာဏာသိမ်းပြီး ခရိုင်အဖြစ် တိုးချဲ့ထားတဲ့ ကျုံပျော်ခရိုင် တရားရုံးက ချလိုက်တာ” လို့ ပြောပါတယ်။

အခု ထောင်ဒဏ်ချမှတ်ခံရသူတွေရဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်ဆက်သွယ်မှုကြောင့်လို့ စွပ်စွဲပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာ ချိပ်ပိတ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ  ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ စစ်တပ်ကသတ်ဖြတ်လို့ သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၄,၃၉၉ ယောက်ရှိခဲ့ပြီး အတည်ပြုဖို့လိုအပ်နေတဲ့ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ အယောက် ၇၅၀ အထိရှိတယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင်  ဖမ်းဆီးခံရသူပေါင်း ၂၅,၈၄၄ ယောက်အထိရှိပြီး ၁၉,၉၄၂ ယောက် ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံထားရသူတွေထဲက ၈,၅၂၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့လည်း AAPP ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013