DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်က မြန်မာလုပ်သားများငှားနေသည့် တိုက်ခန်းရှိ ရေခဲသေတ္တာအတွင်း လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ့ရှိ
DVB
·
January 22, 2024
ဘန်ကောက်က မြန်မာလုပ်သားများငှားနေသည့် တိုက်ခန်းရှိ ရေခဲသေတ္တာအတွင်း လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ့ရှိ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ဘန်ခွန်ထိရန်နယ်မြေရှိ အဆောက်အဦတခုရဲ့ အခန်းတခန်းထဲက  ရေခဲသေတ္တာထဲမှာ ပိုင်းဖြတ်ထားတဲ့ လူတယောက်ရဲ့ ခြေထောက်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့  ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။

အဲဒီသတင်းကို ဆမ်မိုင်ဒမ်ရဲစခန်းက စတင်ကြားသိခဲ့ပြီးနောက် အဆောက်အဦရဲ့ လေးထပ်က အခန်းတခန်းထဲမှာရှိနေတဲ့ ရေခဲသေတ္တာထဲမှာ လူတယောက်ရဲ့ ခြေထောက်တွေကို ရဲနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအခန်းထဲနဲ့ ရေချိုးခန်းအထဲတွေမှာ သွေးစက်တွေ စွန်းပေနေတာကို တွေ့ရှိခဲ့ရပြီး အခန်းထဲက အိပ်ရာရဲ့ အောက်မှာ လွှစက်တခုကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ အဲဒီနယ်မြေနဲ့ အနီးတဝိုက်က CCTV တွေကို စုံစမ်းစစ်ဆေးရေးအရာရှိတွေက စစ်ဆေးနေကြတယ်လို့ ဘန်ကောက်ရဲက ပြောပါတယ်။

အိန္ဒိယနိုင်ငံသားတယောက်က ဝန်ထမ်းရှာဖွေရေးဝန်ဆောင်မှုရုံးအဖြစ် ဖွင့်လှစ် လုပ်ကိုင်နေတဲ့ အခင်းဖြစ်ရာ အဲဒီအဆောက်အဦကို သူနဲ့အတူ တခြားမြန်မာနိုင်ငံသားလေးယောက်တို့ သွားရောက်ခဲ့ကြောင်း မြန်မာနိုင်ငံသားတယောက်က ထွက်ဆိုခဲ့ပါတယ်။

သူတို့ ငါးယောက်ထဲက လေးယောက်ဟာ တနေရာစီမှာ အလုပ်အကိုင်ရသွားကြပြီး အလုပ်ရှိရာနေရာတွေကို ထွက်ခွာခဲ့ကြကြောင်းနဲ့ တယောက်ကတော့ အဆောက်အဦထဲမှာ ကျန်နေခဲ့ပြီး စနေနေ့မှာ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့မှာတော့ အဲဒီမြန်မာနိုင်ငံသားက အဆောက်အဦရှိရာကို ပြန်လာခဲ့ပြီး ပိတ်ထားတဲ့ အဆောက်အဦထဲကို ဝင်ရောက်ဖို့ အဆောက်အဦပိုင်ရှင်ကို ဖုန်းဆက်ရာ ပိုင်ရှင်က အဆောက်အဦထဲကို တံခါးဖျက် ဝင်ရောက်ဖို့ စေခိုင်းခဲ့တယ်လို့ ပြောပါတယ်။ အဲဒီလို ဝင်ရောက်ခဲ့ပြီးနောက်မှာ ခုတ်ထစ်ပိုင်းဖြတ်ထားတဲ့ လူ့အစိတ်အပိုင်းတွေကို သူက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံသား တယောက်က အဲဒီအဆောက်အဦကို ဇန်နဝါရီ ၁၃ ရက်မှာ ငှားရမ်းခဲ့ပြီး ဝန်ထမ်းရှာဖွေရေး လုပ်ကိုင်နေခဲ့ကြောင်းနဲ့ အဲဒီအဆောက်အဦမှာ မြန်မာရွှေ့ပြောင်းလုပ်သား ငါးဦးက အလုပ်ရဖို့ စောင့်ဆိုင်းရင်း နေထိုင်ခဲ့ကြောင်း ဘန်ကောက်မြို့အပိုင် ရဲဌာနချုပ် ဒုရဲမှူး နိုပါဆီလ်ပ်ဖန်ဆာဝပ်က တနင်္ဂနွေနေ့ ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ အလုပ်ရသွားတဲ့ မြန်မာအလုပ်သမာလေးဦးက အဆောက်အဦကို ပြန်လာပြီး သူတို့ရဲ့ ပစ္စည်းတွေလာယူရင်း အခုလို တွေ့ရှိခဲ့တာဖြစ်ကြောင်း ထိုင်းရဲက ပြောပါတယ်။

အခင်းဖြစ်ရာနေရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ခြေရာလက်ရာတွေ တွေ့ရှိခဲ့ရပြီး အဲဒီ အိန္ဒိယနိုင်ငံသားဟာ စနေနေ့ည ၈ နာရီ ၅၀ မိနစ်မှာ အိန္ဒိယနိုင်ငံရဲ့ တောင်ဘက်အကျဆုံး တမေလ်နာဒူးပြည်နယ်ရဲ့ မြို့တော် ချင်နိုင်းကို ထွက်ခွာသွားခဲ့ကြောင်း ဒုရဲမှူးနိုပါဆီလ်ပ်က ပြောခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

Source : BangkokPost

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013