DVB Logo
Home
အားကစား
အကောင်းဆုံးဆုတွေအပေါ် ယုံကြည်မှု ပျောက်ဆုံးနေကြောင်း စီရော်နယ်ဒို ဝေဖန်
DVB
·
January 22, 2024
အကောင်းဆုံးဆုတွေအပေါ် ယုံကြည်မှု ပျောက်ဆုံးနေကြောင်း စီရော်နယ်ဒို ဝေဖန်
Donate to DVB

အကောင်းဆုံးဆုတွေအပေါ် ယုံကြည်မှုပျောက်ဆုံးနေကြောင်း ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ဝေဖန်သွားပါတယ်။

စီရော်နယ်ဒိုဟာ ဒူဘိုင်းမှာကျင်းပခဲ့တဲ့ Global Soccer ဆုပေးပွဲမှာ ပရိသတ်အကြိုက် အကောင်းဆုံးကစားသမားဆု အပါအဝင် အကောင်းဆုံးဆုသုံးဆု ရရှိခဲ့တာပါ။

အဲဒီဆုပေးပွဲအပြီးမှာ အကောင်းဆုံးဆုတွေအပေါ် ယုံကြည်မှု ပျောက်ဆုံးနေကြောင်း ဝေဖန်ခဲ့တာပါ။

သူ့ရဲ့မှတ်ချက်စကားဟာ ကမ္ဘာ့အကောင်းဆုံးဆုရရှိခဲ့တဲ့ မက်ဆီဟာ ဆုနဲ့ထိုက်တန်ခြင်း မရှိကြောင်း ပြောရာရောက်ကြောင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

“ကျနော့်အမြင်ပြောရရင် အကောင်းဆုံးဆုတွေက ယုံကြည်မှုတွေ ဆုံးရှုံးနေပါတယ်။ တရာသီအတွင်း စွမ်းဆောင်မှုတွေကို စိစစ်သုံးသပ်သွားရမှာပါ။ ဒီလိုပြောတာက မက်ဆီဟာ ဆုနဲ့မထိုက်တန်ဘူးလို့ ပြောတာမဟုတ်သလို ဟာလန်း ဒါမှမဟုတ် အမ်ဘာပေတို့ကို ပြောနေတာလည်း မဟုတ်ပါဘူး။ ကျနော့်အနေနဲ့ ဒီဆုတွေကို ယုံကြည်မှုမရှိတော့တာ ဖြစ်တယ်” လို့ စီရော်နယ်ဒိုက ပြောပါတယ်။

သူရခဲ့တဲ့ Global Soccer ဆုတွေကတော့ အချက်အလက်တွေ၊ ကိန်းဂဏန်းတွေနဲ့ ရရှိခဲ့တာဖြစ်လို့ အမှန်တကယ် ထိုက်တန်ကြောင်း ရော်နယ်ဒိုက ပြောသွားပါတယ်။

အာရှကလပ်ဆီ ပြောင်းရွှေ့မှုကြောင့် ဖီဖာရဲ့ အကောင်းဆုံးဆုတွေနဲ့ ဝေးနေပေမဲ့ နိုင်ငံနဲ့ ကလပ်အသင်းအတွက်သာ ဦးစားပေးဖြစ်ကြောင်းလည်း ရော်နယ်ဒိုက ပြောပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013