DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ၃ နှစ်အတွင်း ပြည်သူလူထု နေအိမ်ပေါင်း ၈၀,၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီး
DVB
·
January 22, 2024
စစ်ကောင်စီတပ်က ၃ နှစ်အတွင်း ပြည်သူလူထု နေအိမ်ပေါင်း ၈၀,၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီး
Donate to DVB

စစ်ကောင်စီတပ်ဟာ  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်သူတွေရဲနေအိမ်ပေါင်း ၈၀,၀၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို မှတ်တမ်းတင်နေတဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၁ ခုနှစ်က ၂,၁၁၁ လုံး၊ ၂၀၂၂ ခုနှစ်မှာ ၄၆,၉၃၇ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ၂၀၂၃  ခုနှစ်ထဲမှာတော့ ၂၉,၆၈၉ လုံး မီးရှို့ဖျက်ဆီးခဲ့လို့ ဒီ ၃ နှစ်အတွင်း စုစုပေါင်း ၇၈,၇၃၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

တချို့နေရာတွေမှာတော့ ပြီးခဲ့တဲ့ ၂ နှစ်လုံးလုံး မီးရှို့မခံခဲ့ရဘဲ ၂၀၂၃ ခုနှစ်ကျမှ မီးရှို့ခံရတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဧရာဝတီတိုင်းမှာ အလုံး ၂၀ မီးရှို့ခံရပြီး ပဲခူးတိုင်းမှာ ၁၇၁ လုံး၊ ကချင်ပြည်နယ်မှာ ၁,၀၉၆ လုံး၊ ကရင်နီမှာ ၃၂၂ လုံး၊ ကရင်ပြည်နယ်မှာ ၁၄၅ လုံး၊ မန္တလေးတိုင်းမှာ ၁,၅၀၁ လုံး၊ ရခိုင်ပြည်နယ်မှာ အလုံး ၁၅၀၊ တနင်္သာရီမှာ ၆၀၆ လုံး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၈ လုံး၊ ရန်ကုန်တိုင်းမှာ ၁ လုံး မီးရှို့ခံခဲ့ရပြီး အရင်နှစ်တွေထက် ပိုခဲ့ပါတယ်။

သိသိသာသာလျော့သွားတာက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်က စစ်ကိုင်းတိုင်းမှာ ၃၆,၅၃၀ မီးရှို့ခံရပြီး ၂၀၂၃ ခုနှစ်မှာ ၂၂,၀၀၉ လုံး၊ မကွေးတိုင်းမှာ ၂၀၂၂ ခုနှစ်က ၈,၂၆၇ လုံး မီးရှို့ခံရပြီး ၂၀၂၃ ခုနှစ်မှာ ၃,၀၇၁ လုံး မီးရှို့ခံရပါတယ်။

တနိုင်ငံလုံးက မီးရှို့ခံရတဲ့ အိမ်ပေါင်း ၈၀၀၀၀ လောက်ထဲမှာ စစ်ကိုင်းတိုင်းက ၆၀၀၀၀ လောက်နဲ့ မကွေးတိုင်းက ၁၂,၀၀၀ လောက်ပါဝင်တာကို တွေ့ရပါတယ်။

မြို့အလိုက် အများဆုံး မီးရှို့ခံရတာတွေကတော့ ချင်းပြည်နယ် ထန်တလန်မှာ နေအိမ် ၁,၂၉၉ လုံး၊ ကချင်ပြည်နယ်၊ ရွှေကူမှာ ၁,၀၅၆ ၊ မကွေးတိုင်း ပေါက်မှာ ၃,၆၁၁၊ ရေစကြိုမှာ ၂,၉၁၀၊ မြိုင်မှာ ၂,၁၀၅၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမှာ ၆,၀၉၀၊ ကန့်ဘလူမှာ ၄,၂၇၃၊ ကသာမှာ ၁,၀၄၉၊ ထီးချိုင့်မှာ ၂,၁၃၁၊ အရာတော်မှာ ၂,၂၂၇၊ စစ်ကိုင်းမှာ ၃,၅၇၂၊ မြောင်မှာ ၂,၁၂၆၊ ရွှေဘိုမှာ ၄,၀၂၈၊ ခင်ဦးမှာ ၄,၈၄၂၊ ဝက်လက်မှာ ၄,၂၂၀၊ တန့်ဆည်မှာ ၃,၆၈၇၊ ပုလဲမှာ ၂,၈၃၅၊ မင်းကင်းမှာ ၁,၂၉၀ လုံးတို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013