DVB Logo
Home
မြန်မာသတင်း
စစ်သား ၃ ဦး လက်နက်နှင့်အတူ တမူး PDF ထံအလင်းဝင်
DVB
·
January 21, 2024
စစ်သား ၃ ဦး လက်နက်နှင့်အတူ တမူး PDF ထံအလင်းဝင်
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် တမူးဒေသ ကာကွယ်ရေးပူးပေါင်းတပ်ဆီကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ တမူး PDF က ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် စစ်ကောင်စီတပ်သား ကိုဟိန်းမြတ်ကျော်၊ ၂၃ နှစ်အရွယ် ကိုသူနဲ့ ၂၃ နှစ်အရွယ် ကိုစိုင်းထက်အောင် တို့ဟာ ဇန်နဝါရီ ၁၇ ရက်နေ့က တမူး PDF ကို ဆက်သွယ် အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတယောက်က “အရင်ကလည်း အလင်းဝင်ဖို့ ကြိုးစားခဲ့တယ်။ ဘာကြောင့် စစ်ကောင်စီဘက်ကနေ စွန့်ခွာချင်တာလဲ ဆိုတော့ သူတို့တွေက အပြောနဲ့အလုပ် လုံးဝမညီဘူး။ သူတို့က ဘာမှမရှိတဲ့ လက်အောက်ငယ်သားတွေကို ငဲ့ကွက်တာမရှိဘူး။ သူတို့ချည်းပဲ ကောင်းစားဖို့ လုပ်နေကြတာ။ ကျနော်တို့ တပ်စခန်းတွေကနေ အိန္ဒိယဘက်ကို ပြေးခဲ့တုန်းကဆို မိုးရေးကနေ တမူး ကူးပြီး တမူးကနေ ချက်ချင်း ထန်းတပင်တိုက်ပွဲ ဝင်တိုက်ခိုင်းတာ။ ကျနော်တို့ကို အနားမပေးဘူး။ စစ်ကောင်စီကတော့ တပ်ပျက်နေပါပြီ” လို့ ပြောပါတယ်။

တမူး PDF တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံတယောက်က “သူတို့တွေက ကျနော်တို့တပ်ဖွဲ့ဆီ အရင်အလင်းဝင်ထားတဲ့ ၂ ယောက်ကနေ ဆက်သွယ်ပြီး အလင်းဝင်လာတာပါ။ Ma 1 သေနတ် ၃ လက်နဲ့ ကျည်ဆန်တွေပါ ယူဆောင်လာခဲ့တယ်။ လက်နက်ပါတဲ့အတွက် MOD က ချပေးတဲ့ ထောက်ပံ့ငွေတော့ ရရှိမှာပါ” လို့ ပြောပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ကို ဘေးကင်းလုံခြုံတဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားပြီး နောက်ထပ် အလင်းဝင်ချင်တဲ့ စစ်ကောင်စီ တပ်သားတွေအနေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဆီ အချိန်မရွေး ချိတ်ဆက် အလင်းဝင်နိုင်တယ်လို့လည်း တမူးဒေသ ကာကွယ်ရေးပူးပေါင်းတပ်က ပြောထားပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း တမူး PDF တပ်ရင်း ၄ ဆီကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်နဲ့အတူ အလင်းဝင်ခဲ့ပါသေးတယ်။

ဓာတ်ပုံ - တမူး PDF တပ်ရင်း ၄

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013