DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်က လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့် 
DVB
·
January 21, 2024
အင်္ဂပူမြို့နယ်က လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့် 
Donate to DVB

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့က ဒေသခံ အမျိုးသားလူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က နေအိမ်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးပြီးနောက် PDF တွေနဲ့ ဆက်သွယ်နေတယ်လို့ စွပ်စွဲပြီး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ ဒေသခံတွေဆီ သိရပါတယ်။ 

မနေ့ ဇန်နဝါရီ ၁၉ ရက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက နေအိမ်တွေအထိ လာဝိုင်း စီးနင်းပြီး သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ အသက် ၂၀ ကျော်အရွယ် ဒေသခံလူငယ် အမျိုးသား ၁ ယောက်နဲ့ အသက် ၂၅ နှစ်အရွယ် လူငယ်အမျိုးသား ၁ ယောက်ကို အင်္ဂပူမြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး မနေ့ ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းမှာ  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြစ်တဲ့ ၅၀ (ဃ)နဲ့ တရားစွဲဆို အမှုဖွင့်လိုက်တာလို့ ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။ 

“အရင်က တီဗွီတွေထဲမှာပဲ ရွာထဲဝင် သေနတ်နဲ့ပစ် ဓားပြတိုက်တာ မြင်ဖူးတာ။ မနေ့ကတော့ အပြင်မှာ မြင်လိုက်ရတယ်။ သေနတ်ပစ်ခတ်သံကြားလို့ သွားကြည့်တော့ လူငယ် ၂ ယောက်ကို စစ်တပ်နဲ့ ရဲတွေက လာဖမ်းတာတာ။ လာဖမ်းတဲ့ ရဲနဲ့ စစ်သားအင်အားက မနည်းဘူး။ လာဖမ်းတဲ့ ကလေးတွေက ပြေးလို့ပစ်တာလားဆိုတော့ မဟုတ်ဘူး။ သက်သက် ရမ်းသန်းပစ်သွားတာ။ သိက္ခာရှိတဲ့ အဖွဲ့အစည်းက လုပ်တာနဲ့မတူဘူး။ အကြမ်းဖက် ဓားပြတွေနဲ့ တူတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ ဒေသခံ လူငယ် ၂ ယောက်ဟာ လယ်သမား သား ၂ ယောက်ဖြစ်ပြီး စစ်တပ်နဲ့ ရဲတွေက အပြစ်မဲ့တဲ့သူတို့ကို ရိုက်နှက်စစ်ဆေး အတင်းအကျပ်ဝန်ခံခိုင်းမှာကို  စိုးရိမ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

လာဖမ်းတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ မနေ့ ဇန်နဝါရီ ၁၉ ရက်နဲ့ ဒီနေ့မှာလည်း မဲဇလီ -ကွင်းကောက် လမ်းမပေါ်ကနေ ဖြတ်သန်းသွားလာနေတဲ့သူတွေကို တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ရောက်လာတာ သိ မသိကို မေးမြန်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013