DVB Logo
Home
အားကစား
တိုက်စစ်မှူး ဝီလ်ဆင်ကို အက်သလက်တီကိုနှင့် ဆွေးနွေးရန် နယူးကာဆယ်အသင်း သဘောတူ
DVB
·
January 21, 2024
တိုက်စစ်မှူး ဝီလ်ဆင်ကို အက်သလက်တီကိုနှင့် ဆွေးနွေးရန် နယူးကာဆယ်အသင်း သဘောတူ
Donate to DVB

နယူးကာဆယ်အသင်းဟာ တိုက်စစ်မှူး ဝီလ်ဆင်ကို စပိန်ကလပ် အက်သလက်တီကို အသင်းနဲ့ ဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။ 

နယူးကာဆယ်အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့အတွက် အသင်းရှိ ကစားသမားတွေကို မဖြစ်မနေ ရောင်းချရဖို့ရှိနေတာပါ။ တိုက်စစ်မှူး ဝီလ်ဆင်အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားသွားမှာဖြစ်ပြီး အက်သလက်တီကိုနဲ့ ဆွေးနွေးဖို့ သဘောတူခဲ့တာပါ။ 

အက်သလက်တီကိုဟာ ဝီလ်ဆင်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ စတင်ကမ်းလှမ်းခဲ့တာကိုတော့ နယူးကာဆယ်အသင်းက ပယ်ချခဲ့ပြီး အပြီးသတ်ရောင်းချဖို့သာ ဆန္ဒရှိတယ်လို့ သိရပါတယ်။

အသက်၃၁နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ အသင်းနဲ့ ၁၈ လ စာချုပ်သက်တမ်းသာ ကျန်ရှိတော့တာပါ။ ဝီလ်ဆင်ကို တခြားအသင်းတွေကလည်း ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး အခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖို့ ရှိနေပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013