DVB Logo
Home
မြန်မာသတင်း
ရေဦးတွင် စစ်တပ်ကသတ်သွားသည့် အလောင်း ၁ လောင်းထပ်တွေ့၊ သတ်ခံရသူ ၅ ဦးရှိလာ
DVB
·
January 20, 2024
ရေဦးတွင် စစ်တပ်ကသတ်သွားသည့် အလောင်း ၁ လောင်းထပ်တွေ့၊ သတ်ခံရသူ ၅ ဦးရှိလာ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က သတ်ဖြတ်သွားတဲ့ ရုပ်အ‌လောင်း ၁ လောင်းကို ဒီနေ့ ဇန်နဝါရီ ၂၀ ရက်‌နေ့ မနက်ပိုင်းမှာ ထပ်တွေ့တာကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရသူ ၅ ယောက် ရှိလာပြီလို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

ခလရ ၇၁ နဲ့ ခမရ ၇၀၈(ဘီးလူးစစ်ကြာင်)ပူးပေါင်း အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ဒီပဲယင်းအရှေ့ခြမ်းနဲ့ ရေဦးတောင်ခြမ်းတို့ကို စစ်ကြောင်းထိုး နေတာဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်က မဲအိုးရွာက ဒေသခံ ၁၀ ယောက်ကျော်ကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ ရေဦးမြို့နယ်တောင်ခြမ်း ပိဋကတ်ကျကျေးရွာမှာ အလောင်း ၁ လောင်းကို ဒေသခံတွေက ထပ်တွေ့ခဲ့တာပါ။

ဒေသခံတယောက်က “ဒီနေ့ မနက်ခင်း သူတို့(စစ်သားတွေ) မုတ်ဆီရွာဘက် ထွက်သွားပြီးမှ ရွာထဲပြန်ဝင်တဲ့အချိန် သူတို့သတ်သွားတဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတာဗျ။ အလောင်းက ဒီပဲယင်းမြို့နယ် မဲအိုးရွာကဖမ်းလာတဲ့သူကို သတ်ထားခဲ့တာပါဗျ။ အမည်က ကိုဇင်မင်းညွန့် (ခ) တာပုပါ။ အလောင်းတွေ့တာက ဇိန့်ဇွန်းရွာနဲ့ ပိဋကတ်ကျရွာကြားက တွေ့ခဲ့ရတာဗျ” လို့ ပြောပါတယ်။

စစ်ကြောင်းဟာ ဖမ်းဆီးသွားသူတွေထဲက ၄ ယောက်ကို သတ်ဖြတ်ထားခဲ့ပြီး ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှာ အလောင်း ၄ လောင်းကို မနေ့က တွေ့ခဲ့ရပါတယ်။

စစ်ကောင်စီကိုထောက်ခံတဲ့ စစ်လော်ဘီချန်နယ်ကတော့ မဲအိုးရွာက ဖမ်းဆီလာသူ တွေထဲက ၆ ယောက်ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သတ်ဖြတ်ခဲ့ပြီး‌လို့ ဖော်ပြနေကြပါတယ်။

အခုစစ်ကြောင်းဟာ ပြည်သူတွေအိပ်နေတဲ့ ညပိုင်း ၁၁ နာရီ၊ ၁၂ နာရီလောက်မှာမှ စစ်ကြောင်းထိုးလှုပ်ရှားလေ့ရှိတယ်လို့ ဒေသခံ တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ခင်းပိုင်းမှာ ပိဋကတ်ကျရွာကနေ မုတ်ဆီရွာဘက် စစ်ကြောင်းထိုးသွားတာကြောင့် ရေဦးနယ်တောင်ခြမ်း၊ ရေဦးနယ် အနောက်ခြမ်းက ကျေးရွာ ၈ ရွာက ပြည်သူ ၃,၀၀၀ ကျော် နေရပ်စွန့်ခွာထွက် ပြေးနေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013