DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်က Tata Steel စက်ရုံ ၂ ခု ပိတ်မည်ဟု အိန္ဒိယပြော
DVB
·
January 20, 2024
ဗြိတိန်က Tata Steel စက်ရုံ ၂ ခု ပိတ်မည်ဟု အိန္ဒိယပြော
Donate to DVB

အိန္ဒိယပိုင် Tata Steel လုပ်ငန်းစုဟာ အခုနှစ်ကုန်ပိုင်းမှာ ဗြိတိန်နိုင်ငံ ဝေလနယ်ထဲက စက်ရုံနှစ်ခုကို ပိတ်ပစ်မယ်လို့ ဇန်နဝါရီ ၁၉ ရက်က ပြောလိုက်ပါတယ်။ 

ဒါကြောင့် အလုပ်သမား အယောက် ၂၈၀၀ အထိ အလုပ်လက်မဲ့ ဖြစ်နိုင်ချေ ရှိနေပါတယ်။

အစိုးရငွေ စတာလင်ပေါင် သန်း ၅၀၀ ကျောထောက်နောက်ခံပြုထားတဲ့ အဆိုပြုချက်အရ ကာဗွန်ထုတ်လွှတ်မှု ပိုနည်းတဲ့ လျှပ်စစ်မီးဖိုတွေ ပြောင်းသုံးဖို့  အရှုံးပေါ်နေတဲ့ သံမဏိလုပ်ငန်းကို လည်ပတ်ဆောင်ရွက်နိုင်ရေး Tata Steel ရဲ့အစီအစဉ် တစိတ်တပိုင်းအနေနဲ့ ပိတ်သိမ်းခဲ့တာပါ။

တာတာစတီးလ်က ပြန်လည်ဖွဲ့စည်းမှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ညှိနှိုင်းမှုလုပ်ငန်းစဉ်ကို စမယ်လို့လည်း ပြောခဲ့ပါတယ်။ 

လာမယ့် ၁၈ လအတွင်း အခန်းကဏ္ဍပေါင်း ၂,၅၀၀ လောက် ထိခိုက်နိုင်ဖွယ်ရှိပြီး အလုပ်အကိုင် နေရာ ၂,၈၀၀ ကတော့ လုံးလုံးထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ 

ပိုလျှံဝန်ထမ်းတွေ အများဆုံး ဆက်ထားနိုင်အောင် ကြိုးစားသွားမယ်လို့လည်း တာတာက ပြောပါတယ်။

လျှပ်စစ်မီးဖိုတွေဟာ ခါတိုင်းသုံးနေတဲ့ မီးဖိုတွေနဲ့ နှိုင်းယှဉ်ရင် အလုပ်သမား ပိုနည်းနည်းသာ လိုအပ်တယ်လို့လဲ မီဒီယာတွေက အစီရင်ခံ ထားပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013