DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့နယ်က တပ်စခန်းတခုကို KIA သိမ်းပိုက်
DVB
·
January 20, 2024
ဖားကန့်မြို့နယ်က တပ်စခန်းတခုကို KIA သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာက စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော်  KIA တပ်မဟာ ၉၊ တပ်ရင်း ၆  နဲ့ PDF ပူးပေါင်း တပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီချိန်က ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီးလှမ်းကူပစ်ပေးသလို ညနေပိုင်းမှာလည်း လေယာဉ်နဲ့ ၂ ကြိမ်လာရောက် ပစ်ခတ်ခဲ့တာကြောင့် KIA ဘက်ကလည်း ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မနေ့ကတည်းက သိမ်းနိုင်ပြီဆိုပြီး ဝမ်းသာလိုက်သေးတယ်။ ဒီမနက်ကတော့ သိမ်းပိုက်နိုင်ခဲ့တာ သေချာသွားပြီ။ အရင်ရက်တွေက ခေါင်းပေါ်မှာပဲ ပေါက်ကွဲနေသလိုပဲ။ ဆက်တိုက်ပစ်နေတာ။ လမ်းတွေပိတ်လိုက်တဲ့ ရက်အတွင်း မြစ်ကြီးနား အရေးပေါ်ဆင်းရမယ့် လူနာလည်း မဆင်းနိုင်လို့​သေသွားတာလည်း ရှိခဲ့တယ်” လို့ ပြောပါတယ်။

ဒေသခံတယောက်ကလည်း ဒီမနက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဝှေခါတဝိုက်မှာတော့ အခြေအနေရှုပ်ထွေးနေတုန်းပဲ ပြောပါတယ်။

ဇန်နဝါရီ ပထမပတ်ကတည်းက  နှစ်ဖက်ထိတွေ့မှုတွေရှိနေပြီး ၁၅ ရက်အကြာမှာ ဝှေခါဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အလားတူပဲ ဒီနေ့ ဇန်နဝါရီ ၂၀ ရက် မနက် ၆ နာရီကနေ စတင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းမြို့နယ်ကို KIA က စစ်မျက်နှာဖွင့် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013