DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်က ပြည်သူ ၄ ဦးကို သတ်ခဲ့သည့်စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
January 20, 2024
ဒီပဲယင်းမြို့နယ်က ပြည်သူ ၄ ဦးကို သတ်ခဲ့သည့်စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာက ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ဒီပဲယင်းမြို့ကနေ စတင်ထွက်လာခဲ့ပြီး မဲအိုး၊ လက်ယက်ကုန်းကျေးရွာတွေကိုဖြတ်ပြီး စစ်ကြောင်းထိုးလာတုန်း မဲအိုးရွာက ပြည်သူ ၁၀ ယောက်ကျော်ကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် အလောင်း ၄ လောင်းကို လက်ယက်ကုန်းရွာမှာ ဒေသခံတွေက တွေ့ခဲ့ရတာပါ။

ရွာသားတယောက်က “ရေဦးနယ်တောင်ဘက်ခြမ်း ဇိန့်ဇွန်းရွာ၊ ပိဋိကတ်ကျရွာတွေက ပြည်သူတွေကတော့ မနေ့ ဇန်နဝါရီ ၁၉ ရက် မနက်ခင်းကတည်းက ထွက်ပြေး‌နေကြ ရတာဗျ။ မနေ့က ညနေပိုင်းကျတော့ ဇိန့်ဇွန်းရွာထဲရောက်နေတဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေ လုပ်တယ်လို့တော့ ကြားရတယ်ဗျ။ အသေအဆုံးကတော့ ကျနော်တို့ မသိရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇိန့်ဇွန်းရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ဒီနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဇိန့်ဇွန်းရွာကနေ မုတ်ဆီရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ပတ်ဝန်းကျင်ရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေကြရပါတယ်။

ဒေသခံကာကွယ်ရေး ခေါင်းဆာင်တယောက်က “ဒရုန်းနဲ့ ကျနော်တို့ ကာကွယ်ရေးတပ်တွေ ဗုံးကြဲတာတော့ ဟုတ်တယ်ဗျ။ သူတို့ ဇိန့်ဇွန်းရွာထဲက ပြည်သူနေအိမ်တွေကို ပတ်ခိုးယူဖို့လုပ်‌နေတာကို ကျနော်တို့ ဗုံးကြဲခဲ့တာဗျ။ ဒရုန်း ၄ စီးနဲ့ ဗုံးသီး ၆ လုံး တပြိုင်တည်း ပစ်ချတိုက်ခိုက်ခဲ့တာ။ ချတဲ့နေရာဆီ တိတိကျကျ ကျပြီး ပေါက်ကွဲတယ်ဗျ။ စစ်(-)အသေဆုံးကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို KSO (KURDAF Droneအဖွဲ့)၊ ခင်ဦးမြို့နယ် ပကဖ၊ Wolf Guerrilla Force Local PDF၊ YE.U (KURDAF Drone အဖွဲ့)/ Arm Revolutionary Force ARF (KURDAF Drone)၊ KUGF ၊ Fire Dragon PDF (Khin U) Drone အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဒေသခံကာကွယေရေး ခေါင်း ဆောင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013