ပလက်ဝဒေသတွင် စစ်ကောင်စီတပ်များထံမှ အေအေက သိမ်းဆည်းရမိသည့် လက်နက်များ (ဓာတ်ပုံ)
DVB
·
January 19, 2024

1 / 8
ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းတပ်မဌာနချုပ် ခလရ (၂၈၉)၊ စကခ (၁၉) တပ်တွေကို ရက္ခိုင့်တပ်တော် (အေအေ)က အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို AA Info Desk အေအေ သတင်းအဖွဲ့က ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ချင်းပြည်နယ် ပလက်ဝဒေသတခုလုံးကိုလည်း အေအေတပ်တွေက သိမ်းပိုက်လိုက်ပြီး အဲဒီဒေသတစ်ခုလုံးမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ကင်းစင်သွားပြီလို့ ဇန်နဝါရီ ၁၄ ရက်မှာ အေအေက ကြေညာထားပါတယ်။
PHOTO-AA










