DVB Logo
Home
နိုင်ငံတကာ
အမေရိကန်အောက်လွှတ်တော်က ရန်ပုံငွေဥပဒေကြမ်း အတည်ပြု
DVB
·
January 19, 2024
အမေရိကန်အောက်လွှတ်တော်က ရန်ပုံငွေဥပဒေကြမ်း အတည်ပြု
Donate to DVB

အမေရိကန်အောက်လွှတ်တော်ဟာ မတ်လအစောပိုင်းအထိ ပြည်ထောင်စုအစိုးရကို ငွေကြေးထောက်ပံ့နိုင်ပြီး အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းခြင်းကနေ ရှောင်ကြဉ်နိုင်မယ့် ရန်ပုံငွေဥပဒေကြမ်းကို ဇန်နဝါရီ ၁၈ ရက်က အတည်ပြုလိုက်ပြီး နောက်ဆုံးလက်မှတ်ထိုးဖို့  သမ္မတ ဂျိုးဘိုင်ဒင်ဆီ ပေးပို့ခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို  ထောက်ခံမဲ ၃၁၄ မဲ၊ ကန့်ကွက်မဲ ၁၀၈ မဲတို့နဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ရီပတ်ဘလစ်ကန် ၁၀၆ ဦးနဲ့ ဒီမိုကရက်ပါတီ ၂ ဦးတို့ရဲ့ ကန့်ကွက်မှုတွေ ပါဝင်ခဲ့ပါတယ်။

ကြာသပတေးနေ့ အစောပိုင်းမှာ အထက်လွှတ်တော်က ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၇၇ မဲ၊ ကန့်ကွက်မဲ ၁၈ မဲနဲ့ ဒီသီတင်းပတ် မကုန်ခင်မှာ အလွယ်တကူ အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီမိုကရက်တစ် အများစုရှိတဲ့ အထက်လွှတ်တော်နဲ့ ရီပတ်ဘလစ်ကန်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်တို့ဟာ အောက်တိုဘာ ၁ ရက်နေ့မှာ စတင်တဲ့ ဘဏ္ဍာနှစ်အတွက် အစိုးရရဲ့ အခြေခံတာဝန်တွေကို ထမ်းဆောင်ရာမှာ နောက်ကျကျန်နေတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို နှစ်ချီနေတဲ့ ဥပဒေကြမ်းကို ရှောရှောရှူရှူ အတည်ပြုပေးနိုင်ဖို့ အချိန်တွေပိုပေးထားခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013