DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ရေပန်းစား
DVB
·
January 18, 2024
အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ရေပန်းစား
Donate to DVB

လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်မှာကျင်းပမယ့် အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲမှာ လက်ရှိကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုက ရေပန်းအစားဆုံးဖြစ်နေပြီး ထောက်ခံမဲ ထက်ဝက်ကျော် ရနိုင်ဖို့ ခဲယဉ်းတာကြောင့် ဒုတိယအကျော့ ယှဉ်ပြိုင်ရဖို့ များနေတယ်လို့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဟာ ရွေးကောက်ပွဲနီးလာချိန်မှာ လူကြိုက်များမှု ထပ်တိုးမလာဘဲ ထောက်ခံသူ ၄၅ ဒသမ ၈ ရာခိုင်နှုန်း ရှိနေတယ်လို့  Indikator Politik စစ်တမ်းမှာ ပါဝင်ပါတယ်။

ဂျကာတာမြို့တော်ဝန်ဟောင်း အနီးဇ် ဘာဆွေ ဒန် ကတော့ ပထမဆုံးအကြိမ်အဖြစ် ထောက်ခံမှု ၂၅ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာကို တက်လာပါတယ်။ အာဏာရပါတီရဲ့ သမ္မတလောင်း ဂန်ဂျာပရာနိုဝို အပေါ်မှာတော့ ထောက်ခံမှုက ၂၃ ရာခိုင်နှုန်းသာ ရှိနေပါတယ်။

နောက်ထပ် ဖြေဆိုသူ ၅ ဒသမ ၈ ရာခိုင်နှုန်းကတော့ မဆုံးဖြတ်ရသေးဘူးလို့ ဖြေဆိုခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာအရ လူ ၁,၂၀၀ ကို ကောက်ယူထားတဲ့စစ်တမ်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ သန်း ၂၀၀ ကျော်ရှိတဲ့အနက် တဦးဦးက မဲထက်ဝက်ကျော်မရရင် အများဆုံးရတဲ့နှစ်ဦးအနေနဲ့ ဒုတိယအကျော့ ထပ်ပြိုင်ရမှာ ဖြစ်ပါတယ်။

၂၀၁၄ နဲ့ ၂၀၁၉ မှာ လူကြိုက်များတဲ့ ဂျိုကိုဝီဒိုဒို ကို အရေးနိမ့်ခဲ့တဲ့ ပရာဘိုဝိုဟာ ဒီတကြိမ်မှာ သူ့ရှုံးခဲ့တဲ့ ဂျိုကိုဝီရဲ့သား ဂီဘရန် ရာကာဘူမင်ရာကာကို သူနဲ့တွဲဘက် ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ထားပါတယ်။

ဒါကြောင့် ပြိုင်ဘက်ဟောင်းရဲ့သား၊ လူကြိုက်များနေဆဲ လက်ရှိသမ္မတရဲ့သားနဲ့ ပူးတွဲ ယှဉ်ပြိုင်မှုဟာ လူစိတ်ဝင်စားဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013