DVB Logo
Home
နိုင်ငံတကာ
AI လုပ်ဆောင်ချက်ပါသည့် ဆမ်ဆောင်း Galaxy S24 စမတ်ဖုန်း မိတ်ဆက်
DVB
·
January 18, 2024
AI လုပ်ဆောင်ချက်ပါသည့် ဆမ်ဆောင်း Galaxy S24 စမတ်ဖုန်း မိတ်ဆက်
Donate to DVB

ပုံမှန်ဖုန်းခေါ်ဆိုမှုအတွင်း ဘာသာစကား ၁၃ မျိုးနဲ့ တိုက်ရိုက်ပြန်ဆိုပေးနိုင်မှု အပါအဝင် AI လုပ်ဆောင်ချက်တွေ အသားပေးထားတဲ့ ဆမ်ဆောင်းရဲ့ Galaxy S24 စီးရီး စမတ်ဖုန်းတွေကို ဇန်နဝါရီ ၁၇ ရက်က မိတ်ဆက်သွားပါတယ်။

ဒီမိတ်ဆက်ပွဲမှာ ဆမ်ဆောင်းက သူ့ဖုန်းရဲ့ ဒီဇိုင်းသွင်ပြင်တွေ၊ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အကြောင်းထက် ထုတ်လုပ်ဖန်တီးနိုင်စွမ်းရှိတဲ့ အသိဉာဏ်တု (Generative AI) လုပ်ဆောင်ချက်တွေကို အဓိက မိတ်ဆက်သွားပါတယ်။

အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဟင်ဒီ၊ အီတလီ၊ ကိုရီးယား၊ ပိုလန်၊ ပေါ်တူဂီ၊ ထိုင်း၊ စပိန်၊ ဂျပန်၊ ဗီယက်နမ် စတဲ့ ဘာသာစကားတွေနဲ့ ဖုန်းခေါ်ဆိုမှုကို အပြန်အလှန် တိုက်ရိုက် ပြန်ဆိုပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါက စက်မှာပါပြီးသား AI လုပ်ဆောင်ချက်ဖြစ်ပြီး ဆမ်ဆောင်း စမတ်ဖုန်းတွေထဲမှာ ပထမဆုံး ဒီလုပ်ဆောင်ချက် ပါရှိလာတာ ဖြစ်ပါတယ်။

Cloud နဲ့ ချိတ်ဆက်ဖို့လိုတဲ့ AI နည်းပညာတွေမှာတော့ ဂူးဂဲလ်ရဲ့ Gemini AI နည်းပညာကိုပါ မိတ်ဆက်သွားပြီး ဒါကတော့ တခြားဖုန်းတွေမှာပါ ပါလာဖို့ရှိပါတယ်။

ဖုန်းဖန်သားပြင်ပေါ်က ဘယ်ပုံမဆို၊ ဘယ်စာမလို ဝိုင်းလိုက်ရုံနဲ့ ဂူးဂဲလ်ကနေ ရှာပေးတဲ့စနစ်၊ မက်ဆေ့ချ်တွေကို အလွတ်သဘော၊ လုပ်ငန်းသုံး၊ ရုံးသုံး ဆိုပြီး ရွေးပေးလိုက်ရုံနဲ့ စာအရေးအသားပုံစံ ပြင်ပေးတဲ့စနစ် စတာတွေကိုလည်း မိတ်ဆက်သွားပါတယ်။

ဒါ့အပြင် အကျဉ်းချုပ်ထုတ်ပေးတာ၊ အသံဖိုင်တွေကို ဘာသာပြန်ပေးတာ၊ ဓာတ်ပုံတွေ ဗီဒီယိုတွေကို လိုချင်သလို တည်းဖြတ်ပေးတာ စတဲ့  AI နည်းပညာ အသစ်တွေလည်း မိတ်ဆက်သွားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013