DVB Logo
Home
နိုင်ငံတကာ
အီရန်ရှိ စစ်သွေးကြွပစ်မှတ်များကို ပါကစ္စတန် တိုက်ခိုက်
DVB
·
January 18, 2024
အီရန်ရှိ စစ်သွေးကြွပစ်မှတ်များကို ပါကစ္စတန် တိုက်ခိုက်
Donate to DVB

ပါကစ္စတန်နိုင်ငံဟာ ခွဲထွက်ရေးဝါဒီ စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး ဇန်နဝါရီ ၁၈ ရက်က အီရန်နိုင်ငံအတွင်းမှာ တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မာ့ဂ်ဘားဆာမချာလို့ အမည်ပေးထားတဲ့ ထောက်လှမ်းရေးအခြေပြု စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားအများအပြား သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပြီး ပါကစ္စတန်ဟာ အီရန်ပြည်သူတွေအပေါ် လေးစားမှုကြီးမားပါကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။

အီရန်မီဒီယာမှာတော့ ပါကစ္စတန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ စစ္စတန်-ဘာလူချီစ်တန် ပြည်နယ်က ရွာတရွာကို ဒုံးကျည်အများအပြား ထိမှန်ခဲ့ပြီး အီရန်နိုင်ငံသားမဟုတ်တဲ့ အမျိုးသမီး ၃ ဦးနဲ့ ကလေး ၄ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

တီဟီရန်ဟာ ပါကစ္စတန်ပိုင်နက်အတွင်းရှိ အစ္စရေးနဲ့ ဆက်နွှယ်နေတဲ့ စစ်သွေးကြွတွေရဲ့ အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက်က ပြောကြားခဲ့ပြီးနောက်မှာ အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိမှန်ခံခဲ့ရပြီး ကလေး ၂ ဦးလည်း သေဆုံးသွားခဲ့ရလို့ တီဟီရန်အတွက် အကျိုးဆက်တွေ ရှိလာနိုင်ကြောင်း ပါကစ္စတန်က သတိပေး ပြောဆိုခဲ့ပါတယ်။

ဒါဟာ လေကြောင်းပိုင်နက် ချိုးဖောက်မှုဖြစ်လို့ ဒီတရားမဝင်လုပ်ရပ်ကို ပါကစ္စတန်က တုံ့ပြန်ပိုင်ခွင့် ရှိတယ်လို့လည်း ဇန်နဝါရီ ၁၆ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇာရာ ဘာလို့ချ်က အစိုးရပိုင် ရုပ်သံလိုင်း PTV မှာ ပြောသွားပါတယ်။

ပါကစ္စတန်အစိုးရဟာ အီရန်နိုင်ငံဆိုင်ရာ သူ့သံအမတ်ကို ပြန်လည်ခေါ်ယူခဲ့ပြီး လက်ရှိ အီရန်နိုင်ငံကို ရောက်ရှိနေတဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကိုလည်း ပြန်လာခွင့်မပြုကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၇ ရက်မှာ ပြောပါတယ်။

ပါကစ္စတန်နဲ့ အီရန်ကြား လုပ်နေဆဲနဲ့ လာမယ့်ရက်တွေမှာ လုပ်ဖို့စီစဉ်နေတဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်တွေအားလုံးကို ရပ်ဆိုင်းဖို့လည်း ဆုံးဖြတ်ထားပါတယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာမီယာ အဗ္ဗဒိုလာဟီယန်က အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်း တိုက်ခိုက်မှုတွေဟာ စစ်သွေးကြွတွေကို ထိမှန်ခဲ့တာဖြစ်ပြီး ပါကစ္စတန်နိုင်ငံသားတွေကို ပစ်မှတ်ထားခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

Source/Photo-REUTERS/Akhtar Soomro

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013