DVB Logo
Home
နိုင်ငံတကာ
ကလေးမွေးနှုန်း ကျဆင်းမှုနှင့်အတူ တရုတ်လူဦးရေ ၂ နှစ်ဆက်လျော့ကျ
DVB
·
January 17, 2024
ကလေးမွေးနှုန်း ကျဆင်းမှုနှင့်အတူ တရုတ်လူဦးရေ ၂ နှစ်ဆက်လျော့ကျ
Donate to DVB

တရုတ်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း စံချိန်တင် ကျဆင်းတာနဲ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုတွေ တိုးလာခဲ့တာကြောင့် တရုတ်လူဦးရေဟာ ၂၀၂၃ ခုနှစ်မှာ ၂ နှစ်ဆက်ကျဆင်းသွားတယ်လို့ အမျိုးသားစာရင်းအင်းဌာနက ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တရုတ်လူဦးရေဟာ ၂၀၂၃ ခုနှစ်မှာ ၂ ဒသမ ၀၈ သန်း လျော့ကျသွားပြီး လူဦးရေ ၁ ဒသမ ၄၀၉ ဘီလီယံ  (၁,၄၀၉ သန်း) ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်ကလည်း လူဦးရေ ၈ သိန်းခွဲ လျော့ကျသွားခဲ့ပါသေးတယ်။ ဒါဟာ မော်စီတုန်းလက်ထက် မဟာအငတ်ဘေးကြီး ရင်ဆိုင်ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တရုတ်လူဦးရေ လျော့လာတာ ဖြစ်ပါတယ်။

သုံးနှစ်လောက် တင်းတင်းကျပ်ကျပ် စစ်ဆေးတာ၊ ရောဂါခြေချုပ် သီးသန့်ထားရှိတာတွေ လုပ်ခဲ့ပြီးတဲ့နောက် မနှစ်က အကုန်ဖြေလျှော့လိုက်ချိန်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားမှု မြင့်တက်လာခဲ့ပါတယ်။

မနှစ်က စုစုပေါင်းသေဆုံးသူ ဦးရေ ၁၁ ဒသမ ၁ သန်းအထိ ရှိခဲ့ပြီး ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။

ဒီသေဆုံးနှုန်းကလည်း ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ၁၉၇၄ နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ်ပါတယ်။

မွေးနှုန်းကတော့ ၅ ဒသမ ၇ ရာခိုင်နှုန်း ကျသွားပြီး ၉ ဒသမ ၀၂ သန်းသာ ရှိခဲ့ပါတယ်။  လူ ၁,၀၀၀ ကို ၆ ဒသမ ၃၉ ဦးသာ မွေးတဲ့သဘောပါ။ ဒါဟာ ၂၀၂၂ တုန်းကထက် ပိုနည်းသွားတာဖြစ်ပြီး စံချိန်တင် မွေးနှုန်းကျဆင်းတာ ဖြစ်ပါတယ်။

၁၉၈၀ ကနေ ၂၀၁၅ ခုနှစ်အတွင်း တအိမ်ထောင် ကလေးတယောက်စနစ် ကျင့်သုံးခဲ့ချိန်မှာ လူဦးရေတိုးနှုန်းကို သိသိသာသာ ထိန်းနိုင်ခဲ့ပါတယ်။

အခုကျတော့ မြို့ပြဖြစ်ထွန်းလာတာနဲ့အမျှ ကလေးမွေးရတာ စရိတ်ကြီးမြင့်လာတာနဲ့အတူ ထိန်းတာကြောင့်မဟုတ်ဘဲကို မွေးနှုန်းက ကျလာတာဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်ထက် မွေးနှုန်းနည်းတဲ့နိုင်ငံတွေ ရှိနေဆဲဖြစ်ပြီး ဂျပန်ဆိုရင် လူ ၁,၀၀၀ မှာ ၆ ဒသမ ၃ ယောက်နှုန်း၊ တောင်ကိုရီးယားဆိုရင် ၄  ဒသမ ၉ ယောက်နှုန်းသာ ရှိပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013