DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်ပိုင်းထွက်ကော်ဖီ ဈေးမရသဖြင့် တောင်သူများ အရှုံးခံရောင်းချနေရ
DVB
·
January 17, 2024
ရှမ်းတောင်ပိုင်းထွက်ကော်ဖီ ဈေးမရသဖြင့် တောင်သူများ အရှုံးခံရောင်းချနေရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဟိုပုံး၊ ရွာငံဘက်မှာ အခုနှစ် ကော်ဖီဈေးမရတာကြောင့် အရှုံးနဲ့သာ ရောင်းချနေရတယ်လို့ ကော်ဖီစိုက် တောင်သူတဦးထံက သိရပါတယ်။

မနှစ်က ကော်ဖီတပြည်ကို ၄,၀၀၀၊ ၄,၅၀၀ ရရှိပေမဲ့ အခုနှစ်မှာ ၂,၀၀၀၊ ၂,၅၀၀ ပဲရရှိလို့ ကော်ဖီစိုက်တောင်သူတွေ မိသားစုစားဝတ်နေရေး ခက်‌‌ခဲနေရတယ်လို့ ဆိုပါတယ်။

ရွာငံမြို့နယ်မှ ကော်ဖီစိုက်တောင်သူတဦးက “ဝယ်စားနေကျဆန်က ဒီနှစ် တအိတ် ၁ သိန်းနီးပါးရှိပြီ။ ကော်ဖီဈေးက ခုထိ အရင်နှစ်ရဲ့ တဝက်ဈေးပဲရှိတယ်။ ကော်ဖီက ကြာကြာသိုလှောင်လို့လည်း မရတော့ ရှိတဲ့ဈေးနဲ့ပဲ ရောင်းရတယ်” လို့ ပြောပါတယ်။

အခုနှစ် လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ ဂိတ်တွေ စစ်ဆေးတာနဲ့ ကားခ ဈေးကြီးတာတို့ ကြောင့် ပွဲရုံရှိရာ မြို့ပေါ်မှာ သွားမရောင်းနိုင်ကြဘဲ ရွာထဲထိ လာဝယ်တဲ့ ပွဲစားတွေထံသာ ရောင်းရတယ်လို့ ဆိုပါတယ်။

ကော်ဖီပွဲစားတဦးက "ပွဲရုံရှိတဲ့ အောင်ပန်းမြို့အထိဆို ၄၀၀၀ တော့ ရ‌‌တယ်ဆိုပေမယ့် ခေတ်အခြအနေအရ လမ်းပေါ်ဂိတ်တွေမှာတို့ ပိုက်ဆံပေးရတယ်။ ကုန်တွေသယ်သွားရတာ စရိတ်ကြီးတယ်” လို့ ပြောပါတယ်။

ကော်ဖီကို စတင်စိုက်ပျိုးချိန်မှစပြီး သက်တမ်း ၃ နှစ် ပြည့်မှသာ အသီးခူးဆွတ်လို့ ရတယ်လို့ သိရပါတယ်။

ကော်ဖီကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ရွာငံနဲ့ ဟိုပုံးမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မဲနယ်တောင်ဒေသတို့မှာ အများဆုံး စိုက်ပျိုးကြပြီး အရည်အသွး ကောင်းမွန်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013