DVB Logo
Home
နိုင်ငံတကာ
အီရန်က အီရတ်နှင့် ပါကစ္စတန်နိုင်ငံတွင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်
DVB
·
January 17, 2024
အီရန်က အီရတ်နှင့် ပါကစ္စတန်နိုင်ငံတွင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်
Donate to DVB

အီရန်နိုင်ငံက အိမ်နီးချင်း အီရတ်နဲ့ ပါကစ္စတန်နိုင်ငံအတွင်းက သူ့ရန်သူလို့ သတ်မှတ်တဲ့ နေရာတွေကို ဒုံးကျည်တွေနဲ့ လှမ်းပစ်ခဲ့တာကြောင့် နှစ်နိုင်ငံစလုံးနဲ့ တင်းမာမှု မြင့်တက်လာခဲ့ပြီး အစ္စရေး-ဟားမတ်စ်က စလိုက်တဲ့ အရှေ့အလယ်ပိုင်းအရေးဟာ ပိုရှုပ်ထွေးလာနေပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်က အီရတ်နိုင်ငံတွင်းမှာရှိတဲ့ တစိတ်တဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ ကာဒစ္စတန်ဒေသက နေရာတခုကို အစ္စရေး မော့ဆက်ရဲ့ ထောက်လှမ်းရေးစခန်းဆိုပြီး ဇန်နဝါရီ ၁၅ ရက် ညပိုင်းက ဒုံးကျည်နဲ့ လှမ်းပစ်ခဲ့ပါတယ်။

အီရန်နဲ့ အီရတ်ဟာ ရှီအိုက်မွတ်စလင် လူများစုနိုင်ငံချင်းဖြစ်တဲ့အတွက် ပုံမှန်အားဖြင့် ဆက်ဆံရေး ကောင်းမွန်ပါတယ်။

ဒါပေမဲ့ ခုကိစ္စကြောင့် အီရန်နိုင်ငံဆိုင်ရာ အီရတ်သံအမတ်ကြီးကို  ဘဂ္ဂဒက်အစိုးရက ပြန်ခေါ်ယူလိုက်တဲ့အထိ သံတမန်ဆက်ဆံရေး ကျဆင်းသွားခဲ့ပါတယ်။

ဒုံးကျည်ပစ်ခတ်မှုကြောင့် ကာ့ဒ်သန်းကြွယ်သူဌေးတဦး သေဆုံးတယ်လို့ ကာ့ဒ်ဒေသ အစိုးရကလည်း ထုတ်ပြန်ပြီး အရပ်သားလူနေဧရိယာသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ အီရန်က အိမ်နီးချင်း ပါကစ္စတန်နိုင်ငံထဲက စစ်သွေးကြွအဖွဲ့ ဂျေ့ရှ်အယ်လ်အဒဲလ်ရဲ့ စခန်းနှစ်ခုကို ပစ်ခတ်ခဲ့တယ်လို့ ကြေညာပါတယ်။

ပါကစ္စတန်ကတော့ အီရန်ဟာ သူ့လေပိုင်နက်ကို ကျူးကျော်ပြီး ပစ်ခတ်မှုကြောင့် ကလေးနှစ်ဦး သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။

ဒီလုပ်ရပ်ဟာ လုံးဝလက်ခံနိုင်စရာမရှိသလို ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ဇန်နဝါရီ ၁၇ ရက်နေ့ အစောပိုင်းမှာ ပါကစ္စတန်နိုင်ငံခြားရေးဌာနက ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013