DVB Logo
Home
အားကစား
ပြိုင်ပွဲကာလအတွင်း ဖြေရှင်းချက် မလုပ်ဆောင်ချင်ဟု ဂိုးသမား အိုနားနားပြော
DVB
·
January 17, 2024
ပြိုင်ပွဲကာလအတွင်း ဖြေရှင်းချက် မလုပ်ဆောင်ချင်ဟု ဂိုးသမား အိုနားနားပြော
Donate to DVB

ပြိုင်ပွဲကာလအတွင်းမှာ ဖြေရှင်းချက်တွေ မလုပ်ဆောင်ချင်ကြောင်း ကင်မရွန်းဂိုးသမား အိုနားနားက ပြောသွားပါတယ်။

အိုနားနားဟာ မန်ယူအသင်းနဲ့အတူ နောက်ဆုံး ၂ ပွဲဆက်တိုက် ကစားခဲ့တာကြောင့် အာဖရိကဖလား အုပ်စုအဖွင့်ပွဲစဉ် လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

အသင်းဆီပူးပေါင်းချိန် နောက်ကျခဲ့တာကြောင့်ဖြစ်ပြီး လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့တာပါ။

အိုနားနားကတော့ အဲဒီကိစ္စအပေါ် ပြောစရာတွေ အများကြီးရှိပေမဲ့ ပြိုင်ပွဲကာလအတွင်းမှာဖြစ်လို့ ဖြေရှင်းချက်တွေ မလုပ်ဆောင်ချင်ကြောင်း၊ အရေးကြီးဆုံး အချက်က အသင်းသားတွေ စည်းလုံးညီညွတ်မှုရှိဖို့ဖြစ်ကြောင်း အိုနားနားက ပြောပါတယ်။

အသင်းကို ကိုယ်စားပြု ကစားချင်လို့သာ ပူးပေါင်းခဲ့တာဖြစ်ပြီး ကင်မရွန်းအသင်းအပေါ် ကိုယ်စားပြု ကစားရတာဟာ ဂုဏ်ယူစရာဖြစ်ကြောင်း အိုနားနားက ပြောသွားပါတယ်။

ကင်မရွန်းအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဂီနီနဲ့ သရေကျခဲ့ပြီး ဆီနီဂေါ၊ ဂမ်ဘီယာ အသင်းတွေနဲ့  ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013