DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီ ရုပ်သံမှတ်တမ်း ပြပွဲ နော်ဝေနိုင်ငံတွင် ကျင်းပ  
DVB
·
January 16, 2024
ဒီဗွီဘီ ရုပ်သံမှတ်တမ်း ပြပွဲ နော်ဝေနိုင်ငံတွင် ကျင်းပ  
Donate to DVB

ဒီမိုကရက်တစ်မြန်မာအသံ (ဒီဗွီဘီ)က စီစဉ်တဲ့   ရုပ်သံမှတ်တမ်း ရုပ်ရှင်ပြသပွဲကို  ဇန်နဝါရီ ၁၅ ရက် ညပိုင်းက နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ VEGA ရုပ်ရှင်ရုံမှာ ကျင်းပသွားပါတယ်။

ဒီပြပွဲမှာ ဒီဗွီဘီသတင်းဌာနရဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာ Documentary မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတွေ ရိုက်ကူးထားတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထိထိမိမိ ပေါ်လွင်အောင် ရိုက်ကူး ပုံဖော်ထားတဲ့ ရုပ်သံမှတ်တမ်း ကားတို   ၅ ကားကို ပြသခဲ့ပါတယ်။

ဒီဗွီဘီရဲ့ ၂၀၂၃ ခုနှစ် ရုပ်သံမှတ်တမ်းတို ပြိုင်ပွဲဝင် ဇာတ်ကား ၁၀ ကားထဲကမှ ၅ ကားဖြစ်တဲ့  My notes to spring (Zero) ၊ Page Number 23: Yangon (Than Lwin Naing) ၊ A revolutionary mother (Akkhayar) ၊ Rachel (Nway Oo Ngal) နဲ့  Along the river (Maung Moe) တို့ ကို ပြသခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားတွေဟာ မြန်မာနိုင်ငံအတွင်းက ရုပ်သံမှတ်တမ်းရိုက်ကူးသူတွေ အန္တရာယ်တွေကြားထဲက မှတ်တမ်းယူ ရိုက်ကူးခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်က လူမှုဘဝတွေ၊ အညာက တော်လှန်ရေးမှာပါဝင်လူငယ်တွေရဲ့ မိခင်အကြောင်းတွေ၊ အမျိုးသမီးရဲဘော်ရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေမှုတွေ၊ ပြည်တွင်းစစ်ကြောင့် ပြေးနေကြတဲ့ဘဝတွေ ဘယ်လိုရင်ဆိုင် ဖြတ်သန်းနေကြသလဲဆိုတာကို မှတ်တမ်းတင် ရိုက်ကူး ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။

ဒီနေ့ပြသဖို့ ရွေးချယ်ထားတဲ့ ရုပ်သံမှတ်တမ်း ၅ ကားဟာ မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်တွေအတွက် ဘယ်လို တိုက်ပွဲဝင်နေကြတယ်ဆိုတာကို ထင်ဟပ်နေတယ်လို့ ဒီဗွီဘီ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က မှတ်တမ်းရုပ်ရှင်ပြပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒ့ါအပြင် စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းပေါ်ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ မြန်မာပြည်သူတွေကို  စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့တာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးခဲ့တာ၊ အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းမှုတွေကြောင့် လူငယ်မျိုးဆက်သစ်တွေ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး လက်နက်ကိုင်တော်လှန်နေကြရာမှာ  အခုဆိုရင် စစ်ကောင်စီတပ်တွေကို ခြိမ်းခြောက်လာနိုင်ပြီး စစ်အာဏာရှင်ဟာ နယ်မြေတွေပိုမို ဆုံးရှုံးလာတဲ့ အကြောင်းတွေကိုလည်း ပြောကြားခဲ့ပါတယ်။

ဒီပွဲကို နော်ဝေနိုင်ငံ အော်စလိုမြို့က မြန်မာ့အရေး စိတ်ဝင်စားသူတွေ လာရောက် ကြည့်ရှုခဲ့ကြပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့် ဆုံးရှုံးနေကြရတဲ့ အခြေအနေနဲ့ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့လည်း စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒီဗွီဘီ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်၊ စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ဒီဗွီဘီအကြီးတန်း သတင်းထောက် ကိုအောင်ကျော်၊ DVB short doc contacts ပြိုင်ပွဲရဲ့ ဒိုင်တစ်ဦးဖြစ်သူ တူးရစ်၊ အော်စလို တက္ကသိုလ်က ပါမောက္ခ ခရစ္စရှန်စတော့ခ်တို့က မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေ၊ သတင်းလွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဒီဗွီဘီ ရုပ်သံမှတ်တမ်း ပြပွဲ နော်ဝေနိုင်ငံတွင် ကျင်းပ