DVB Logo
Home
မြန်မာသတင်း
အင်းစိန် စီအိုင်ဒီရုံး ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
January 16, 2024
အင်းစိန် စီအိုင်ဒီရုံး ဗုံးခွဲတိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမကြီးအနီးရှိ စစ်ကောင်စီ မှုခင်းရဲတပ်ဖွဲ့ရုံး စီအိုင်ဒီအနားမှာ ဇန်နဝါရီလ ၁၅ ရက် ညပိုင်းက ဗုံးပေါက်ကွဲသံကြားခဲ့ရတယ်လို့ အင်းစိန်မြို့ခံတွေက ပြောပါတယ်။

အင်းစိန်မြို့ခံတဦးက “၇ နာရီကျော်လောက်မှာ ဖြစ်တာ။ အသံတော်တော်ကျယ်တယ်။ ဈေးကုန်းအရှေ့ဘက် CID ရုံးနားလောက်က ကြားရတာ။ ဆေးရုံကြီးနဲ့ စာတိုက်ထိပ်နားမှာ လမ်းပိတ်ပြီး စစ်နေတယ်။ လူနာတင်ယာဉ်သံတွေတော့ ကြားရတယ်”လို့ ဆိုပါတယ်။

အဲဒီဗုံးဖောက်ခွဲတိုက်ခိုက်မှုကို ည ၇နာရီ ၅ မိနစ်လောက်မှာ အနောက်ပိုင်းခရိုင် ပကဖနဲ့ Yangon Army (YA)တို့က ပြင်းအားမြင့် အဝေးထိန်းမိုင်း ၃ လုံးနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကနေ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကို မသိရှိရသေးပါဘူး။

နောက်ထပ် မစ်ရှင်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တဲ့အပြင် ရန်ကုန်ပကဖတွေနဲ့ UG မဟာမိတ် ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီ မပြုတ်မချင်း တွန်းလှန်တိုက်ခိုက်သွားမယ်လို့ Yangon Army (YA) တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူတွေကို မျိုးစုံဖိနှိပ်အနိုင်ကျင့်နေတဲ့ ဌာနအားလုံးကို ထိထိရောက်ရောက် တိုက်ခိုက်သွားမှာ ဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ နေရာတွေမှာ ခပ်ဝေးဝေး နေထိုင်ပေးကြဖို့လည်း Yangon Army(YA)က မေတ္တာရပ်ခံထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဒီဇင်ဘာ ၅ ရက်‌နေ့ကလည်း ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းမပေါ်ရှိ သုဝဏ္ဏမြို့မရဲစခန်းရှေ့ လုံခြုံရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့သလို ဒီဇင်ဘာလ ၁ ရက်၊ ညပိုင်းကလည်း ရန်ကင်းမြို့နယ်၊ ကန်ဘဲ့လမ်းမပေါ်ရှိ စစ်ကောင်စီ ရန်ကင်းမြို့မရဲစခန်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။

နိုဝင်ဘာလထဲမှာ ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်က EPC ရုံးရှိ စစ်တပ်ဂိတ်နဲ့ မြောက်ဥက္ကလာပမြို့နယ်က EPC ရုံးရှိ စစ်တပ်ဂိတ်၊ ဥပဒေရုံးတို့မှာ အနောက်ပိုင်းခရိုင်ပကဖနဲ့ Yangon Army တော်လှန်ရေးမဟာမိတ်တပ်တွေက ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။

အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီ CID ရုံးကို ၂၀၂၃ ဧပြီ ၂၃ ရက်မှာ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Yangon Urban Guerrilla Army YUGAက တညတည်း ဗုံး ၆ လုံးခွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013