Home
မြန်မာသတင်း
ကျောက်တံခါး ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင်နှင့်သမီးဖြစ်သူ ပစ်ခတ်ခံရ
DVB
·
January 15, 2024

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ရှမ်းဒိုးတန်းကျေးရွာမှာ ဒီနေ့ နေ့လယ် ၁ နာရီခွဲက ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင်နဲ့ သမီးဖြစ်သူကို သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရှမ်းဒိုးတန်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင် ဦးအောင်ကျော်ဆန်းမှာ သမီးဖြစ်သူနဲ့ လယ်ထဲ ဆေးဖြန်းဖို့သွားစဥ် လမ်းမှာ ဆိုင်ကယ်ပေါ်က ပစ်ခတ်သွားတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဦးအောင်ကျော်ဆန်းက ပွဲချင်းပြီးသေတယ်၊ သူ့သမီးက ဒဏ်ရာရတယ်၊ ဒါပေမဲ့ စိုးရိမ်ရတယ်၊ အခုထိ သတိမရသေးဘူး။ အရင်ကတပ်ထောက်ခံပွဲတွေမှာ ဦးဆောင်တာ၊ ပြီးခဲ့တဲ့လကလည်း ဖဒိုနားမှာ ပစ်ခံရတယ်၊ အဲ့ဒီတုန်းက ဒဏ်ရာရတာ။" 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ညောင်လေးပင်နဲ့ ဖဒိုဆက်သွယ်ရေးလမ်းမှာ ဦးအောင်ကျော်ဆန်း ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်တလောမှာ သေဆုံးသူ ဦးအောင်ကျော်ဆန်းကို တိုက်နယ်ဆေးရုံ ပို့ဆောင်ပြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ သမီးဖြစ်သူကိုတော့ စစ်ကောင်စီတပ်က ပဲခူးမြို့နယ်ဆေးရုံကြီး ပို့ဆောင်ခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ကျောက်တံခါးမြို့နယ်မှာ ပြီးခဲ့တဲ့လတွေကလည်း နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024