DVB Logo
Home
Lead Story
လမ်းခွဲသွားသည့် ချစ်သူကိုသတ်ပြီး တရုတ်နိုင်ငံသား ၁ ဦး ဆီဒိုးနားဟိုတယ်က ခုန်ချသတ်သေ 
DVB
·
June 11, 2026
Photo: မိုးစေတနာလူမှုကူညီရေးအသင်း
Photo: မိုးစေတနာလူမှုကူညီရေးအသင်း
Donate to DVB

ရန်ကုန် ဆီဒိုးနားဟိုတယ်ပေါ်ကနေ ခုန်ချသတ်သေသွားတဲ့ တရုတ်နိုင်ငံသားဟာ သူ့ရဲ့ချစ်သူကို သတ်ပြီးနောက် အဆုံးစီရင်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ကောင်မလေးအလောင်းကိုလည်း ဇွန် ၁၀ ရက် ညပိုင်းက လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၆ ရပ်ကွက်၊ နဝဒေးဥယျာဥ်အိမ်ရာမှာ တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “တရုတ်နိုင်ငံသား ရေးထားတဲ့ သေတမ်းစာအရ သူသတ်လိုက်တဲ့ ကောင်မလေးကို နဝဒေးဥယျာဥ်အိမ်ရာထဲ Block ၂၀ ပုဂံလမ်း ခြံအမှတ် (၃-က) ကို သွားရှာတာ တွေ့တယ်။ ဓားနဲ့ထိုးသတ်ထားတာ၊ သတ်တာက ၉ ရက်နေ့ကတည်းက ဖြစ်မယ်” လို့ ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၃၀ အရွယ် လှိုင်သာယာစက်မှုဇုန် မိန်ကျယ် အထည်ချုပ်စက်ရုံက မန်နေဂျာ မရှုလင် ဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ချစ်သူကောင်မလေးက လမ်းခွဲစကားပြောတာကြောင့် ဇွန် ၉ ရက် မနက်မှာ တရုတ်နိုင်ငံသား LE CHEIN KYO (ခ) ဦးတင်စိုးဟာ ကောင်မလေးကို သတ်ခဲ့ပြီး ဆီဒိုးနားဟိုတယ်မှာ လာရောက် တည်းခိုခဲ့တာပါ။

ဇွန် ၁၀ ရက် မနက် ၉ နာရီမှာ ရန်ကင်းမြို့နယ် အမှတ် ၅ ရပ်ကွက်မှာ တည်ရှိတဲ့ ဆီဒိုးနားဟိုတယ် ၂၉ လွှာကနေ တရုတ်နိုင်ငံသား LE CHEIN KYO (ခ) ဦးတင်စိုးဟာ လမ်းခွဲမယ်ပြောတဲ့ ချစ်သူကောင်မလေးကို သတ်ပြီး အဆုံးစီရင်ရတာပါဆိုတဲ့ သေတမ်းစာတစောင်ရေးပြီး မိမိကိုယ်ကိုယ် ခုန်ချသတ်သေခဲ့ပါတယ်။

အခင်းဖြစ်ရာနေရာ ဆီဒိုးနားဟိုတယ် ၂၉ လွှာ Emergency Exit ဝင်ပေါက် ပြတင်းတံခါး ဘောင်ပေါ်မှာ တရုတ်နိုင်ငံသား LE CHEIN KYO (ခ) ဦးတင်စိုးရဲ့  ဖုန်း ၂ လုံး၊ ယာဥ်မောင်းလိုင်စင် နဲ့ သေတမ်းစာတစောင်ကို သိမ်းဆည်းရမိပြီးနောက် အသတ်ခံရတဲ့ ကောင်မလေးအလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013