DVB Logo
Home
အားကစား
အာဆင်နယ်နှင့် အပြောင်းအရွှေ့သတင်းအပေါ်  ဂီတာဖေးတိုက်စစ်မှူး အံအားသင့်
DVB
·
January 15, 2024
အာဆင်နယ်နှင့် အပြောင်းအရွှေ့သတင်းအပေါ်  ဂီတာဖေးတိုက်စစ်မှူး အံအားသင့်
Donate to DVB

အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်း ထွက်ပေါ်လာတဲ့အပေါ် အံ့အားသင့်မိကြောင်း စပိန်ကလပ် ဂီတာဖေးအသင်းတိုက်စစ်မှူး ဘော်ဟာမာယော်ရယ်က ပြောသွားပါတယ်။

အသက် ၂၆ နှစ်ရှိ စပိန်တိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ ခြေစွမ်းပြနေပြီး လာလီဂါ ၁၉ ပွဲမှာ ၁၂ ဂိုး သွင်းယူထားတာပါ။

သူ့ကိုခေါ်ယူဖို့ အာဆင်နယ်က ပေါင် ၂၂ သန်းနဲ့ ဆက်သွယ်ကမ်းလှမ်းခဲ့သလို ဘရန့်ဖို့ဒ်နဲ့ ဖူဟမ်အသင်းတွေကလည်း ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။

မာယော်ရယ်ကတော့ အပြောင်းအရွှေ့သတင်းတွေအပေါ် အံ့အားသင့်မိပြီး အေးဂျင့် အပါအဝင် ကလပ်အသင်းနဲ့ပါ အပြောင်းအရွှေ့ကိစ္စ မဆွေးနွေးရသေးကြောင်း ပြောပါတယ်။

ဂီတာဖေးအသင်းအပေါ်မှာပဲ အာရုံစိုက်ပြီး နေ့စဉ် လေ့ကျင့်မှုတွေ လုပ်ဆောင်နေကြောင်းလည်း မာယော်ရယ်က ပြောပါတယ်။

အရပ် ၅ ပေ ၁၁ လက်မရှိ တိုက်စစ်မှူး မာယော်ရယ်ဟာ ရီးရဲလ်မက်ဒရစ် အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ဝုဖ်ဘက်၊ လီဗန်တေး၊ ရိုးမားအသင်းတွေမှာ အငှားထွက်ကစားခဲ့ပြီး ၂၀၂၂ ခုနှစ်က ဂီတာဖေးအသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013