DVB Logo
Home
မြန်မာသတင်း
ရေဦး စစ်တပ်အထိုင်စခန်း တိုက်ခိုက်ခံရ၊ စစ်တပ်စစ်ကြောင်းထိုးသဖြင့် ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရ
DVB
·
January 15, 2024
ရေဦး စစ်တပ်အထိုင်စခန်း တိုက်ခိုက်ခံရ၊ စစ်တပ်စစ်ကြောင်းထိုးသဖြင့် ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရ
Donate to DVB

ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ စခန်းထိုင်ထားတဲ့  စစ်ကောင်စီတပ်ကို  ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ရွေဘိုခရိုင်တပ်ရင်း ၁၄ တပ်ရင်းမှူး ကိုဇွဲက “စစ်အာဏာသိမ်းပြီး ဒီကောင်တွေ အများပြည်သူ ဆေးကုသလုပ်နေတဲ့ နေရာကို တပ်စွဲတယ်ဗျ။ နောက်ပြီး အဲဒီ အထိုင်စခန်းကနေ ၁၂၀ မမလို့ခေါ်တဲ လက်နက်ကြီးနဲ့  ရေဦးမြို့နယ်အတွင်းက ကျေးရွာတွေဆီ ပစ်ခတ်တာတွေ လုပ်နေတယ်ဗျ။ ဒီနေ့ ကျနော်တို့ပစ်တာက SBB14B Rocket အမျိုးအစား ၄ လုံးနဲ့ ပစ်ခတ်ခဲ့တာဗျ။ ပစ်ပစ်ချင်း သူတို့စခန်းထဲကိုကျပြီး ပေါက်ကွဲလို့ ရေဦးအ နောက်ဘက်နယ်တွေစီ လက်နက်ငယ်တွေနဲ့ အရင်ပစ်တယ်။ ခဏနေတော့ လက်နက်ကြီး ၆ လုံးလောက် ပြန်ပစ်တယ်ဗျ။ သူတို့ပစ်ခတ်တဲ့ ကျည်တွေက ကျနော်တို့အဖွဲ့က ရဲဘော်တွေ တဦးတယောက်မှ ထိခိုက်တာတော့ မရှိခဲ့ဘူး။ ကျနော်တို့ပစ်တဲ့ Rocket ကျည်အကုန်လုံး သူတို့ အထိုင်စခန်းထဲ အကုန်ကျတယ်ဗျ။ အထိအခိုက်ကတော့ စုံစမ်းနေတယ်” လို့ ပြောပါတယ်။

ရေဦးမြို့ စစ်ကောင်စီအထိုင်စခန်းတွေက တိုင်းရင်းဆေးရုံစခန်းဟာ ဒေသတွင်းပြည်သူ့ကာကွယ် ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်တာ အကြိမ်ကြိမ်ခံရတဲ့ စခန်းဖြစ်တယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

“အဲဒီစစ်ကောင်စီ အထိုင်စခန်း အတော်ဆိုးတယ်လို့ ပြောရမယ်။ နယ်ဘက်က ရွာတွေ တိုက်ပွဲဖြစ်ရင်လည်း လက်နက်ကြီးနဲ့ ပစ်တယ်။ တိုက်ပွဲမဖြစ်လည်း ညပိုင်း မူးကြောင်ကြောင် ပစ်တာတွေလည်း လုပ်တယ်။ ဒီနေ့တော့ လက်နက်ကြီးပစ်သံတော့ ကြားရတယ်။ ဘယ်ပစ်တာလဲတော့ အတိအကျ မသိရဘူး” လို့ ရေဦးမြို့ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်‌ကလည်း စစ်ကောင်စီစစ်ကြောင်းက မြင်းကျ၊ ကျွန်းတောကြီး၊ ကားဆိပ် စတဲ့ ကျေးရွာတွေက ကိုယ်ဝန် ဆောင်အမျိုးသမီးတဦးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ည‌နေပိုင်းမှာ ရေဦးမြို့ထဲဝင်‌ရောက်ကာ တိုင်းရင်းဆေးရုံအတွင်း တပ်စွဲနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက် မနက် ၆ နာရီခွဲလောက်မှာတော့ ရေဦးမြို့နယ်အနောက်ခြမ်း ကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းစထိုးလာတာကြောင့် ဒေသခံ ၃,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေဦးမြို့နယ်အနောက်ခြမ်း ဒေသခံတဦးက “မြို့ထဲကနေ ဒီပဲယင်းဘက်ကို ကနဦး ကား ၃ စီးနဲ့ စထွက်လာတယ်ဗျ။ ရေဦးမြို့အနောက် အထွက်က မြို့ဝင်ဆိုင်းဘုတ်ကျတော့ ကားပေါ်က ဆင်းပြီး ခြေလျင် စစ်ကြောင်းစထိုးလာတယ်။ အဲဒီလိုစထိုးလာလို့ ကျနော်တို့ ရေဦးအနာက်ခြမ်းက ငြုတ္တုံ၊ မုတ်စီ၊ ပြည်တော်၊ မူးဆုံ၊ ရွာမိဿာ၊ အောင်သာ၊ ပျော်ဘွယ်၊ မစိုးရိမ်က ပြည်သူ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်။ မပြေးလို့လည်း မရဘူးလေ၊ သူတို့က ရွာကိုဝင်ပြီဆိုရင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်တယ်။ အခုလည်း အောင်သာရွာမှာ အထိုင်ချ စစ်ကြောင်းနားနေတယ်။ သူတို့ ဘယ်ကိုသွားမလဲဆိုတော့ သူတို့ သွား‌နေကျလမ်းအတိုင်း ဒီပဲယင်းကို လက်နက်ရိက္ခာနဲ့ ကျည်တွေ သွားပို့မယ်ထင်တယ်” လို့ ပြောပါတယ်။

အခုစစ်ကြောင်းထိုးလာတဲ့ စစ်သားတွေဟာ ခလရ ၁၁ နဲ့ ခမရ ၇၀၈ တပ်က စစ်ကောင်စီ တပ်သားတွေ ဖြစ်ကြပြီး အင်အား ၁၀၀ နီးပါး ပါတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ကာကွယ်ရေးတပ်က ဒရုန်းယာဉ်အသုံးပြုပြီး တိုက်ခိုက်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013