DVB Logo
Home
နိုင်ငံတကာ
ဂွါတီမာလာတွင် ပြုပြင်ပြောင်းလဲရေးဝါဒီ အာရီဗယ်လို သမ္မတသစ်အဖြစ် ကျမ်းကျိန်
DVB
·
January 15, 2024
ဂွါတီမာလာတွင် ပြုပြင်ပြောင်းလဲရေးဝါဒီ အာရီဗယ်လို သမ္မတသစ်အဖြစ် ကျမ်းကျိန်
Donate to DVB

ဂွါတီမာလာနိုင်ငံမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုနဲ့ ထင်ရှားသူ ဘာနာဒို အာရီဗယ်လိုဟာ ဇန်နဝါရီ ၁၅ ရက်မှာ သမ္မတအဖြစ် ကျမ်းကျိန်နိုင်ခဲ့ပါတယ်။

လွှတ်တော်အမတ်တွေက သူကျမ်းမကျိန်နိုင်အောင် ဟန့်တားနှောင့်ယှက်တာတွေ ရှိခဲ့တဲ့အတွက် ၉ နာရီလောက် နောက်ကျပြီး အောင်အောင်မြင်မြင် ကျိမ်းကျိန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာရီဗယ်လိုဟာ ဗဟိုအမေရိကမှာ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ ဂွါတီမာလာမှာ ပြုပြင်ပြောင်းလဲရေးတွေ အကြီးအကျယ် လုပ်ဆောင်သွားမယ်၊ လူနေမှုစရိတ်နဲ့ အကြမ်းဖက်မှု မြင့်တက်လာတာကို ကိုင်တွယ်သွားမယ်ဆိုတဲ့ ကတိတွေနဲ့ ရွေးကောက်ပွဲနိုင်ခဲ့သူ ဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေနဲ့ နာမည်ပျက်ခဲ့ရတဲ့ သမ္မတဟောင်း အလီဂျန်ဒရို ဂျီယာမက်တေးဟာ ရာထူးကဆင်းပေးခဲ့ရပေမဲ့ သူ့လူတွေက အာရီဗယ်လိုကို ဆက်လက် နှောင့်ယှက်နေတယ်လို့ ဝေဖန်ခံရပါတယ်။

ဂျီယာမက်တေးရဲ့ မဟာမိတ်လို့ လူသိများတဲ့ ဂွါတီမာလာ ရှေ့နေချုပ်ဟာ အာရီဗယ်လိုနဲ့ ဒုတိယသမ္မတရဲ့ ဥပဒေအရ တရားစွဲဆိုမှု ကင်းလွတ်ခွင့်ကို ဖယ်ရှားဖို့ ကြိုးစားခဲ့သလို အာရီဗယ်လိုရဲ့ ပါတီ ဆီမီလာကိုလည်း ဖျက်သိမ်းဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့အထိပါ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လ သမ္မတရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အသက် ၆၅ နှစ်အရွယ် အာရီဗယ်လိုဟာ ကွန်ဆာဗေးတစ်ပါတီတွေ လွှမ်းမိုးထားတဲ့ ဂွါတီမာလာ နိုင်ငံရေးနယ်ပယ်မှာ ဖောက်ထွက်နိုင်ခဲ့သူလို့ ဆိုနိုင်ပါတယ်။

သံတမန်အဖြစ် အသက်မွေးခဲ့သူ၊ လူမှုဗေဒပညာရှင်၊ သမ္မတဟောင်းတဦးရဲ့သား အာရီဗယ်လို အောင်ပွဲရခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ အမေရိကန်နဲ့ လက်တင်အမေရိကနိုင်ငံ အများအပြားက သတိပေးထားကြပြီး ပြည်သူ့ဆန္ဒအတိုင်း အာဏာလွှဲပေးဖို့တောင် ဝိုင်းဖိအားပေးခဲ့ရပါတယ်။

အာရီဗယ်လိုဟာ  သမ္မတဖြစ်လာပေမဲ့ သူ့ပါတီ ဆီမီလာဟာ လွှတ်တော်အမတ်နေရာ ၁၆၀ မှာ ၂၃ နေရာသာ ရထားပါတယ်။

ဒါ့အပြင် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အရ သူ့ပါတီဝင်အမတ်တွေဟာ လွှတ်တော်မှာ တသီးပုဂ္ဂလအမတ်တွေအဖြစ်သာ ရပ်တည်ခွင့်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆီမီလာပါတီက အမတ် ဆမ်မြူရယ် ပီရက်ဇ် မမျှော်လင့်ဘဲ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားခဲ့တာကတော့ သူ့အတွက် အားတက်စရာ ဖြစ်ခဲ့ရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013