DVB Logo
Home
မြန်မာသတင်း
ရေစိုးချောင်းဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် အေအေထံ လက်နက်ချ
DVB
·
January 15, 2024
ရေစိုးချောင်းဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် အေအေထံ လက်နက်ချ
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက် ဒီနေ့မနက်ပိုင်း ရေစိုးချောင်းဗျူဟာက ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက် ရက္ခိုင့်တပ်တော် (အေအေ) ထံမှာ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြတယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ရေစိုးချောင်းဗျူဟာကုန်းက စစ်ကောင်စီတပ်သား အင်အား ၂၀၀ လောက်ရှိတဲ့အနက် ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်ဟာ ဒီ မနက် ၁၁ နာရီလောက်မှာ လက်နက်ချ အလင်းဝင်ရောက်ခဲ့တာလို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီထဲက ကျန်တဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်ဟာ လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးသွားလို့ အေအေဘက်က လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။

ရသေ့တောင်အခြေစိုက် ခမရ ၅၃၇ တပ်ရင်းကလည်း ဒီဇင်ဘာ ၁၄ ရက် ညပိုင်းနဲ့ ၁၅ ရက် မနက်ပိုင်းတွေမှာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို လမ်းကြောင်းရှင်းပေးတဲ့ အနေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ကြတယ်လို့ ပြောပါတယ်။

ရေစိုးချောင်းဗျူဟာကုန်းကိုလည်း ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁၂ နာရီမှာ သိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အေအေဘက်က လိုက်လံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အယောက် ၂၀ လောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့  ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013