DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း ရွှေစျေး ဆက်တိုက်မြင့်တက်နေပြီး အရောင်းအဝယ်အေး
DVB
·
January 15, 2024
ပြည်တွင်း ရွှေစျေး ဆက်တိုက်မြင့်တက်နေပြီး အရောင်းအဝယ်အေး
Donate to DVB

မြန်မာပြည်တွင်း ရွှေစျေး ဆက်တိုက်မြင့်တက်လာပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှာ အခေါက်ရွှေ တကျပ်သားကို ကျပ် ၃၇ သိန်း ၇ သောင်း ဝန်းကျင်ထိ ရောက်ရှိနေပါတယ်။

ရွှေစျေးဆက်တိုက်မြင့်တက်လာပေမဲ့ စျေးကွက်ထဲမှာတော့ အရောင်းအဝယ် အေးနေဆဲပဲလို့ ရွှေဆိုင်လုပ်ငန်းရှင်တွေထံက သိရပါတယ်။

ရန်ကုန်မြို့က ဝါရင့်ရွှေလုပ်ငန်းရှင်တဦးက “စျေးတွေက တက်တယ်။ တရက် တသောင်း တသောင်း တက်သွားတာ လေးငါးရက်လောက်ရှိပြီ။ အဓိကက ကမ္ဘာ့ရွှေစျေး နေ့တိုင်းတက်နေတာကြောင့် လိုက်တက်တာပါ၊ အရောင်းအဝယ်ကတော့ ပါးပါတယ်။ သိပ်ရောင်းမကောင်းဘူး” လို့ ပြောပါတယ်။

ပြည်တွင်းရွှေစျေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အခေါက်ရွှေ တကျပ်သားကို ၃၇ သိန်း ၂ သောင်းဝန်းကျင်မှာပဲ ရှိခဲ့တာဖြစ်ပြီး တပတ်အတွင်း ကျပ် ၅ သောင်းဝန်းကျင်ထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်း ရွှေစျေးကို စစ်ကောင်စီက စောင့်ကြည့် ထိန်းချုပ်နေဆဲ ဖြစ်တာကြောင့် ရွှေလုပ်ငန်းရှင်တွေက တရားဝင်ထက် မှောင်ခိုစျေးကွက်မှာပဲ အရောင်းအဝယ်တွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ရွှေကုန်သည်တဦးက “တရားဝင် အရောင်းအဝယ်တွေ ပြန်မဖြစ်သေးပါဘူး။ မှောင်ခိုပါပဲ။ ပြည်တွင်းရွှေစျေးကွက်ရဲ့ အလားအလာကတော့ အရင်အတိုင်းပါပဲ၊ ခန့်မှန်းရခက်တဲ့ အနေအထားပါ” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်တဲ့ ဒီနေ့ နေ့လယ်ပိုင်း ရွှေစျေးနှုန်းကတော့ အခေါက်ရွှေတကျပ်သားကို ၃,၆၉၃,၅၀၀ ကျပ်ရှိပြီး ကမ္ဘာရွှေစျေးကတော့ တအောင်စကို ၂,၀၅၅ ဒေါ်လာ ရှိနေပါတယ်။

မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကတော့ တဒေါ်လာကို ၃,၄၅၀ ကျပ် ဝန်းကျင်နဲ့ ကာလအတန်ကြာ စျေးငြိမ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013