DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်မှ ပြေးလာသည့် ထိုင်းဝရမ်းပြေး ၁ ဦးကို  မြန်မာဘက်က ထိုင်းရဲထံ ပြန်လွှဲပေး 
DVB
·
January 15, 2024
လောက်ကိုင်မှ ပြေးလာသည့် ထိုင်းဝရမ်းပြေး ၁ ဦးကို  မြန်မာဘက်က ထိုင်းရဲထံ ပြန်လွှဲပေး 
Donate to DVB

ထိုင်းအမျိုးသားရဲတပ်ဖွဲ့က အလိုရှိနေတဲ့  ထိုင်းဝရမ်းပြေး တယောက်ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးပြီး ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက ပြန်လည် အပ်နှံပေးလိုက်ပါတယ်။ 

အသက် ၃၇ နှစ်ရွယ် နိုင်းထန်းထဝပ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင်ထဲမှာ လိမ်လည်မှုကျူးလွန်ခဲ့ပြီး  လိမ်လည်မှု စာရွက်စာတမ်းတုပမှု၊ ကွန်ပျူတာဥပဒေ စတဲ့ပုဒ်မ ၃ ခုနဲ့ တရားစွဲခံထားပေမဲ့ အမှုရင်မဆိုင်ဘဲ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက် တာချီလိတ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာပြီး သူဟာ တရုတ်ကျားဖြန့်ဂိုဏ်းရဲ့  လိမ်လည်လှည့်ဖြားခံရတာကြောင့် လောက်ကိုင်ကို ရောက်သွားရတာလို့  တာချီလိတ် လဝကရဲတပ်ဖွဲ့ကို ပြောပါတယ်။

တာချီလိတ် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က သူ့ကို တရားမဝင် နိုင်ငံထဲဝင်ရောက်မှုနဲ့ အရေးယူ အပြစ်ပေးပြီး လွတ်ရက်စေ့တော့ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ 

ချင်းရိုင်းခရိုင်ရဲတပ်ဖွဲ့က သူ့ကိုယ်ရေးရာဇဝင်တွေ စစ်ဆေးရာမှာတော့ သူဟာ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဝရမ်းပြေး တယောက်ဖြစ်နေတာ တွေ့ရှိလို့ တရားဥပဒေအရ ဆက်လက် အရေးယူသွားမယ်လို့  ချင်းရိုင်းခရိုင်ရဲ တပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ရှမ်းပြည်နယ် ကိုးကန့်ဒေသ လောက်ကိုင်မြို့ထဲမှာ နိုင်ငံခြားသားတွေ ရာနဲ့ချီရောက်ရှိနေထိုင်ခဲ့ပြီး  အဲဒီက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ က စတင်နှိမ်နင်းခဲ့ပါတယ်။

အဲဒီနှိမ်နင်းမှုတွေမှာ တိုက်ပွဲတွေ ပြင်းထန်တာကြောင့်  ရာနဲ့ချီတဲ့ ထိုင်းနိုင်ငံသားတွေဟာလည်း စစ်ဘေးရှောင်ခဲ့ရပါတယ်။ 

ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၁၂ ရက်အထိ လောက်ကိုင် တိုက်ပွဲမှာ ပိတ်မိခဲ့တဲ့ ထိုင်းနိုင်ငံသားပေါင်း ၅၄၉ ဦး လွတ်မြောက်လာပြီး ထိုင်းနိုင်ငံကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ 

အဲဒီထဲမှာ ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက်သွားသူရှိသလို အလိမ်ခံရလို့ ရောက်သွားသူတွေလည်း ရှိကြောင်း၊ သူတို့ထဲမှာ တရားမဝင် ဝင်ရောက်သွားသူတွေ၊ ကိုယ့်သဘောနဲ့ကိုယ် သွားရော က်လုပ်ကိုင်သူတွေကို တရားဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်းဒုရဲချုပ်က ဆူရချေ့ဟတ်ဖန်းက ပြောထားပါတယ်။ 

Source: Maesai Press

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013