DVB Logo
Home
မြန်မာသတင်း
စစ်တပ်တိုက်ခိုက်မှုကြောင့် မင်းပြားနှင့်မြောက်ဦးက နေအိမ်များ မီးလောင်ပျက်စီး
DVB
·
January 14, 2024
စစ်တပ်တိုက်ခိုက်မှုကြောင့် မင်းပြားနှင့်မြောက်ဦးက နေအိမ်များ မီးလောင်ပျက်စီး
1 / 6
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားနဲ့ မြောက်ဦးမြို့တွေကို ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ ရေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်ကို ဇန်နဝါရီ ၁၄ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ် ၂ စီး၊Y-12 လေယာဥ်တစီး၊ Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၃ စီးအပြင် ရေတပ်က နေဗီ ၂ စီးက ဗုံးကြဲကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ မင်းပြားမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

မင်းပြားမြို့ အောက်ရွာပိုင်းရပ်ကွက်မှာလည်း ဇန်နဝါရ် ၁၃ ရက်နေ့ ည ၈ နာရီလောက်မှာ စစ်ကောင်စီရဲ့ Y-12 ထောက်ပို့လေယာဥ်က ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၁၁ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို အေအေ ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တောင်စီတပ်စခန်းတချို့ လက်လွှတ်ဆုံးရှုံးထားတာကြောင့် လေကြောင်း၊ ရေကြောင်းကနေ အသည်းအသန် တိုက်ခိုက်နေကြတာလို့ ဆိုပါတယ်။

မြောက်ဦးမြို့ပေါ်မှာလည်း ဇန်နဝါရီ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်တစင်းနဲ့ ပေါင် ၂၀၀ ဗုံးကြဲခဲ့တာကြောင့် လက်ကောက်စျေးရပ်ကွက်က ပညာနန်းရိပ် ကိုယ်ပိုင်အထက်တန်းကျောင်းအပါအဝင် နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့တယ်လို့ မြောက်ဦးမြို့ ဒေသခံတယောက်က ပြောပါတယ်။

မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ကိုလည်း ဇန်နဝါရီ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ခမရ ၃၇၇၊ ၃၇၈ တပ်ရင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၁၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်ကလေရွာက ပြည်သူတယောက်ကို ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ကျောက်ဖြူမြို့ အုန်းတောစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားတွေက ULA/AA နဲ့ ဆက်စပ်မှုရှိတယ်လို့စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြတယ်လို့ ကျောက်ကလေကျေးရွာခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သူကတော့ ကျောက်ကလေ ကျေးရွာက အသက် ၅၅ နှစ်အရွယ် ဦးမောင်တင်အေးဖြစ်ပြီး သူ့ကို ကျောက်ဖြူအခြေစိုက် ခလရ ၃၄ တပ်ရင်းထဲ ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

ဦးမောင်တင်အေးဟာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်ဘက်မှာ စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်ထားတာ​ကြောင့် ဂုံးချွိန်ကျေးရွာဘက်ကို ဆိုလာပြားနဲ့ ဘထ္ထရီအိုးသွားယူစဉ် ဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။

ကျောက်ဖြူမြို့မှာ ဒီဇင်ဘာ ၁၉ ရက်နေ့ ညကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တယောက်ကို စစ်ကောင်စီတပ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်အေအေနဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲ တွေ ပြန်လည်ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က ကျောက်ဖြူမြို့နယ်အတွင်းမှာ ဒေသခံပြည်သူ ၈၀ ထက်မနည်း ULA/AA နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီးဖမ်းဆီးခဲ့ကြသလို ဒေသခံတချို့ကိုလည်း ဒေသန္တရ ဥပဒေတဲ့ ဖမ်းဆီး အရေးယူထားကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013