DVB Logo
Home
နိုင်ငံတကာ
ရီပတ်ဘလီကန် သမ္မတလောင်းနေရာအတွက် ပြိုင်ဘက်များက ထရမ့်ကို ယှဉ်ပြိုင်မဲဆွယ်
DVB
·
January 14, 2024
ရီပတ်ဘလီကန် သမ္မတလောင်းနေရာအတွက် ပြိုင်ဘက်များက ထရမ့်ကို ယှဉ်ပြိုင်မဲဆွယ်
Donate to DVB

ရီပတ်ဘလီကန်သမ္မတလောင်းနေရာ ထိပ်ဆုံးက ဦးဆောင်သူ ဒေါ်နယ်ထရမ့်ကို စိန်ခေါ်နိုင်ဖို့ သူ့ ပြိုင်ဘက်တွေဟာ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အေးခဲနေတဲ့ အိုင်အိုဝါပြည်နယ်မှာ အပြိုင်မဲဆွယ်ခဲ့ကြပါတယ်။ 

လာမဲ့ ဇန်နဝါရီလ ၁၅ ရက် နေ့ကျရင် ရီပတ်ဘလီကန် သမ္မတလောင်း အကြိုရွေးကောက်ပွဲ ပထမဆုံးပြည်နယ်အဖြစ် အိုင်အိုဝါမှာ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

ထူးထူးခြားခြားဖောက်ထွက်လာနိုင်သူမရှိရင် ရီပတ်ဘလီကန်ပါတီဘက်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီဘက်က လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်တို့ပဲ ၂၀၂၄ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ မကျေပွဲနွှဲကြရမှာဖြစ်ပါတယ်။ 

လက်ရှိမှာ ထရမ့်နဲ့ပြိုင်ဖို့ ပြိုင်ဘက်က လေးယောက်ပဲကျန်တော့ပြီး ဒါဟာ သမ္မတလောင်း အကြိုရွေးကောက်ပွဲအစမှာ အင်မတန်နည်းတဲ့ ပြိုင်ဘက်အရေအတွက်လို့ပြောလို့ရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူတဲ့ ရိုက်တာနဲ့ အစ်ပ်ဆို့စ် စစ်တမ်းအရ ရီပတ်ဘလီကန်ဘက်မှာ ထရမ့်က ၄၉ ရာခိုင်နှုန်းနဲ့ အပြတ်သာနေပြီး ကုလသမဂ္ဂသံအမတ်ဟောင်း နစ်ကီဟေလီအပေါ် ထောက်ခံမှု ၁၂ ရာခိုင်နှုန်း၊ ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှုး ရွန် ဒီဆန်းတစ်အပေါ် ထောက်ခံမှု ၁၁ ရာခိုင်နှုန်းသာရှိပါတယ်။ 

စွန့်ဦးလုပ်ငန်းရှင် ဗီဗက် ရာမဆွာမိ အပေါ် ထောက်ခံမှုက ၄ ရာခိုင်နှုန်းရှိပြီး အာကင်ဆောပြည်နယ် အုပ်ချုပ်ရေးမှူး အာဆာ အက်ချီဆင်က သုညရာခိုင်နှုန်းပဲ ရှိပါတယ်။  အိုင်အိုဝါတစ်ပြည်နယ်ထဲ အနေနဲ့တော့ စစ်တမ်းအရ ထရမ့်က ၄၁ ရာခိုင်နှုန်း၊  ဒီဆန်းတစ်နဲ့ ဟေလီက ၁၄ ရာခိုင်နှုန်းစီရှိပါတယ်။ 

ထရမ့်ရဲ့ ပြိုင်ဘက်တွေအနေနဲ့ တကယ်တမ်း မဲပေးတဲ့အချိန်မှာ ရလဒ်ပြောင်းနိုင်ဖို့၊ ဆက်ပြိုင်ရမယ့် တခြားပြည်နယ်တွေမှာ ရလဒ်ကောင်းဖို့ပဲ အဓိကထား ကြိုးစားကြရမှာ ဖြစ်ပါတယ်။

Source/Photo - REUTERS/Nathan Layne

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013